Logo of Wizzdo
Wizzdo Logo
Wizzdo

Virtuoso (ISTP)

လက်တွေ့လုပ်ဆောင်သူ / စက်မှုလက်မှုပညာရှင်

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

လက်တွေ့လုပ်ဆောင်သူတွေက စူးစမ်းချင်စိတ်ပြင်းပြပြီးတော့ အပျော်ရှာတတ်တဲ့ Explorers အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ ပစ္စည်းကိရိယာမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်ပြီးတော့ ရဲရင့်ပြီး လက်တွေ့စမ်းသပ်တတ်တဲ့ လက်တွေ့လုပ်ဆောင်သူတွေက ISTP ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ISTP တွေက

  • Introverted တသီးတသန့် နေရတာကြိုက်တယ်
  • Observant လက်ရှိမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို သတိထားတတ်တယ်
  • Thinking အချက်အလက်တွေကို အားထားတွေးတောတတ်ပြီးတော့
  • Prospecting အခြေအနေ အလားအလာကို ကြည့်ပြီး လုပ်ဆောင်တတ်ကြတယ်
သူတို့က ပြင်ပအဆက်အသွယ်၊ အချိတ်အဆက်တွေ သိပ်မလိုဘဲ တစ်ယောက်တည်း ပန်းတိုင်နောက်လိုက်တတ်ပြီး ကိုယ်ပိုင်ဟန်ရှိပါတယ်။ သူတို့က သိလိုစိတ်အပြည့်နဲ့ အခြေအနေအလိုက် ချဉ်းကပ်ပုံပြောင်းပြီး ကိုယ်ပိုင်စွမ်းရည်တွေနဲ့ ဘဝကို ဖြတ်သန်းတတ်ပါတယ်။
လက်တွေ့လုပ်ဆောင်သူတွေက ကိုယ်တိုင်မြင်တွေ့ပြီး ကိုယ်တိုင်လုပ်ဆောင်ရတာကို ကြိုက်တယ်။ သိချင်စိတ်တွေ၊ ချင့်ချိန်အတွေးတွေနဲ့ သူတို့အနီးအနားမှာရှိတဲ့ အရာတွေကို ကိုင်ကြည့်စစ်ဆေးတတ်ပါတယ်။ မွေးလာကတည်းက ဖန်တီးပြုလုပ်ဖို့ မွေးလာတယ်လို့ ပြောရအောင် သူတို့ရောက်သွားတဲ့ ပတ်ဝန်းကျင်တွေကနေ သင်ယူလေ့လာပြီးတော့ အသုံးဝင်တဲ့ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု အမြဲ ပြုလုပ်တတ်ပါတယ်။ တစ်ခါတစ်လေ အပျော်သဘောအနေနဲ့ အသုံးမလိုတဲ့ ပစ္စည်းတွေကိုလည်း ပြုလုပ်တတ်ပါသေးတယ်။ စက်ပြင်ဆရာ၊ အင်ဂျင်နီယာတွေလိုမျိုးဘဲ လက်တွေ့လုပ်ဆောင်သူတွေကလည်း လက်အပေခံပြီးတော့ ပစ္စည်းတွေကို အကုန်ဖြုတ်ပစ်ပြီးတော့ နဂိုထက် နည်းနည်းလေး ပိုကောင်းလာအောင် ပြန်ဆက်တတ်ပါတယ်။
လက်တွေ့လုပ်ဆောင်သူတွေက ဖန်တီးတာ၊ စက်ပစ္စည်းတွေကို ပြစ်ချက်ရှာပြီး ပြန်ပြင်တာ၊ လက်တွေ့စမ်းရင်း အမှားတွေ့ရင် ပြင်တာ၊ စမ်းသပ်လုပ်ဆောင်ကြည့်တာတွေ လုပ်ပြီး စိတ်ကူးစိတ်သန်းအသစ်တွေကို ရှာဖွေတတ်ပါတယ်။ သူတို့လုပ်နေတဲ့ ကိစ္စကို တစ်ခြားလူတွေ စိတ်ဝင်စားတာကို သဘောကျတတ်ပြီးတော့ သူတို့အလုပ်လုပ်တဲ့ နေရာကို သူများတွေ လာဝင်ကြည့်ရင်လည်း စိတ်မဆိုးတတ်ပါဘူး။ ဒါပေမယ့် သူတို့လုပ်နေတာကိုတော့ လာမရှုပ်ရဘူးပေါ့။
လက်တွေ့လုပ်ဆောင်သူတွေက သူတို့ရဲ့ စမ်းသပ်တွေ့ရှိမှုကို သူများတွေကို မျှဝေရတာ၊ ဝင်ကူရတာတွေကို ကြိုက်ပါတယ်။ အထူးသဖြင့် သူတို့ဂရုစိုက်တဲ့ လူတွေကို မျှဝေကူညီကြတာပေါ့။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ISTP ကိုယ်ရည်ကိုယ်သွေး အမျိုးအစားရှိတဲ့လူတွေက 5% လောက်ဘဲရှိကြပါတယ်။ များသောအားဖြင့် မိန်းမသားတွေမှာ ISTP ကိုယ်ရည်ကိုယ်သွေး အမျိုးအစား သိပ်မတွေ့ရပါဘူး။ ရှိခဲ့ရင်တောင် သူတို့က များသောအားဖြင့် ငယ်ငယ်လေးတည်းက ယောကျ်ားလျာလေးတွေ ဖြစ်နေတတ်ပါတယ်။

ကွဲပြားခြားနားရဲခြင်း

ရုတ်တရက်ကြည့်လိုက်ရင် သူတို့က ရိုးရှင်းပြီးတော့ စက်လိုဘဲ လှုပ်ရှားနေတယ်လို့ ထင်ရပေမယ့် အမှန်တော့ သူတို့ကို တအားနားလည်ရခက်ပါတယ်။ ခင်ဖို့ကောင်းပေမယ့် တအားတသီးတသန့်နေတတ်တယ်။ စိတ်တည်ငြိမ်ပေမယ့် ရုတ်တရက်ကြီး ကောက်ကာငင်ကာ ပြောင်းလဲသွားတတ်တယ်။ သိလိုစိတ်တွေ တအားပြင်းထန်ပေမယ့် ကျောင်းစာတွေမှာ အာရုံမစိုက်နိုင်ကြပါဘူး။
သူတို့ရဲ့ သူငယ်ချင်းတွေ၊ သူတို့ချစ်ရတဲ့ လူတွေတောင်မှ လက်တွေ့လုပ်ဆောင်သူတွေကို သိပ်မခန့်မှန်းတတ်ကြပါဘူး။ သူတို့က ခဏလောက်တော့ တစ်ခုတည်းကိုဘဲ အာရုံစိုက်ပြီး ပုံမှန်လေးလုပ်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဆိုင်းမဆင့်ဘုံမဆင့်ဘဲ စိတ်ဝင်စားမှုတွေ ပြောင်းသွားတတ်ပြီးတော့ စိတ်အားထက်သန်မှု၊ ရဲရင့်မှုအပြည့်နဲ့ ဦးတည်ရာ အသစ်နောက်လိုက်တတ်ပါတယ်။

သူတို့ဒီလို ရုတ်တရက်ပြောင်းလဲ ရှာဖွေတာက အဲ့တစ်ခုကို အတည်တကျ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး။ အဲ့ဒီစိတ်ဝင်စားမှုမှာကော အောင်မြင်ဖို့ အလားအလာကောင်းလားဆိုပြီး စမ်းကြည့်တာလေးတင်ပါ။

လက်တွေ့လုပ်ဆောင်သူတွေက သူများတွေကိုယ့်ကို ဆက်ဆံခိုင်းစေချင်သလို ဆက်ဆံတတ်တဲ့ စိတ်ဓာတ်၊ တရားမျှတတဲ့ စိတ်ဓာတ်တွေရှိပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ အခါမှာလည်း အရှိကိုအရှိအတိုင်းမြင်ပြီး ယထာဘူတကျကျ ချတတ်ပါတယ်။ သူများတွေကိုယ့်ကို ရန်လာမစအောင် သူများတွေကို စိတ်မဆိုးသွားအောင် သတိထားပြီးနေမယ့်အစား ကောင်းကောင်းဆိုးဆိုး ကိုယ့်ကိုလာထိရင်တော့ အဆုံးထိ တန်ပြန်လက်တုံ့ပြန်တတ်ပါတယ်။
လက်တွေ့လုပ်ဆောင်သူတွေရဲ့ အကြီးမားဆုံးပြဿနာကတော့ သူများတွေလည်း ကိုယ့်လိုဘဲဆိုတဲ့ အထင်နဲ့ ကိုယ့်ကိုယ်ကို သိပ်မထိန်းချုပ်နိုင်ဘဲ ကိုယ့်ဘက်က အရင်ဆုံး စလုပ်ပစ်တတ်တာ ဖြစ်ပါတယ်။ စာနာစိတ်မရှိဘဲ ဟာသလုပ်ပစ်တာ၊ သူများတွေရဲ့ အလုပ်မှာဝင်ပါတာ၊ သောင်းကျန်းတာ၊ ပိုစိတ်ဝင်စားစရာပေါ်လာလို့ အစီအစဉ်တွေကို ရုတ်တရက်ပြောင်းပစ်တာ လိုမျိုးကိစ္စတွေမှာ လက်တွေ့လုပ်ဆောင်သူတွေက အရင်ဆုံးစလုပ်တာဖြစ်ပါတယ်။

သတ်မှတ်ချက်၊ စည်းကမ်းတွေကို ငြင်းဆန်ခြင်း

တခြား ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတွေက သူတို့ထက် သတ်မှတ်ချက်တွေကို ကောင်းကောင်းလိုက်နာကြပြီးတော့ လူတွေလက်ခံနိုင်တဲ့ အပြုအမူတွေရှိတာကို လက်တွေ့လုပ်ဆောင်သူတွေ သိလာပါလိမ့်မယ်။ တချို့လူတွက စာနာစိတ်ကင်းမဲ့တဲ့ ဟာသတွေကို မကြားချင်ဘူး၊ ဘာမှလည်း ပြန်မပြောကြဘူး၊ ပေါက်တတ်ကရတွေလည်း ဝင်မလုပ်ကြပါဘူး။ တကယ်လို့ သူများတွေ စိတ်ထိခိုက်နေတဲ့ အခြေအနေမှာ လက်တွေ့လုပ်ဆောင်သူတွေအနေနဲ့ သတ်မှတ်ချက်စည်းဘောင်တွေကို ဖောက်ဖျက်မိရင် ပြဿနာ အကြီးကြီးတက်တတ်ပါတယ်။
လက်တွေ့လုပ်ဆောင်သူတွေက သူများတွေရဲ့ ခံစားချက်တွေကို မခန့်မှန်းတတ်ပါဘူး။ တရားမျှတမှုကို တအားဘဲ အလေးထားကြတာကြောင့် လက်တွေ့လုပ်ဆောင်သူတွေအနေနဲ့ သူများတွေရဲ့ ခံစားချက်တွေ၊ စိတ်ဆန္ဒတွေကို ခန့်မှန်းရခက်ပါတယ်။ ပြီးတော့ သူများတွေကို စာနာပေးတာထက် လက်တွေ့လုပ်ဆောင်ကြည့်ပြီး စူးစမ်းတတ်ကြတာကြောင့် တစ်ခါတစ်လေမှာ သူများတွေနဲ့ စိတ်ဆိုးစိတ်ပျက်ခံရတတ်ပါတယ်။ လက်တွေ့လုပ်ဆောင်သူတွေက စည်းဘောင်သတ်မှတ်ချက်တွေ၊ လမ်းညွှန်ချက်တွေနဲ့ ပြဿနာရှိပြီးတော့ လိုအပ်တဲ့ အချိန်မှာ စည်းတွေ၊ ဘောင်တွေကျော်ပြီး လွတ်လွတ်လပ်လပ် ရှေ့တိုးရတာကို ကြိုက်ကြပါတယ်။
သူတို့ပုံစံ၊ ခန့်မှန်းရခက်တဲ့ ပုံစံကို နားလည်ပေးနိုင်တဲ့ သူငယ်ချင်းကောင်းနဲ့ အတူတူ အလုပ်တွဲလုပ်နိုင်တဲ့ အလုပ်ပတ်ဝန်းကျင်မှာ သူတို့ရဲ့ ဖန်းတီးနိုင်စွမ်း၊ ဟာသစွမ်းရည်နဲ့ အဖြေရှာဖို့ လက်တွေ့လုပ်ဆောင်တတ်တဲ့ ပုံစံတွေကို ပေါင်းစပ်လိုက်ရင် လက်တွေ့လုပ်ဆောင်သူတွေက အသုံးဝင်တဲ့ အရာတွေကို ပြုလုပ်ရင်း ဘဝကို ပျော်ပျော်လေးဖြတ်သန်းသွားနိုင်မှာပါ။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
istp
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE