Logo of Wizzdo
Wizzdo Logo
Wizzdo

Logistician (ISTJ)

စေ့စပ်သေချာသူ / ထောက်ပံ့ပို့ဆောင်ရေးကြီးကြပ်သူ

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

စေ့စပ်သေချာသူတွေက အလုပ်ကြိုးစားတာဝန်ကျေပွန်တဲ့ Sentinel အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ အချက်အလက်တွေကို အဓိကအားထားကြပြီးတော့ လက်တွေ့ကျတဲ့ အပြင် အားကိုးလို့ရနိုင်တဲ့ စေ့စပ်သေချာသူတွေက ISTJ ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ISTJ တွေက

  • Introverted တသီးတသန့် နေရတာကြိုက်တယ်
  • Observant လက်ရှိမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို သတိထားတတ်တယ်
  • Thinking အချက်အလက်တွေကို အားထားတွေးတောတတ်ပြီးတော့
  • Judging ချင့်ချိန်ပြီးကြိုတင်စီမံတတ်တယ်
စေ့စပ်သေချာသူတွေက တည်ကြည်ကြပြီးတော့ ဘာကိုမဆို ချင့်ချိန်တွေးတတ်သလို တဇွတ်ထိုးလည်း လုပ်တတ်ပါတယ်။ ဘာကိုမဆို သတိထားပြီးလုပ်တတ်ကြပြီးတော့ နည်းစနစ်ကျကျ ဆောင်ရွက်တတ်ပါတယ်။
စေ့စပ်သေချာသူတွေက သူတို့ရဲ့ ဖြောင့်မတ်တည်ကြည်မှုကို ဂုဏ်ယူတတ်ကြပါတယ်။ သူတို့ပြောတဲ့ အတိုင်းလုပ်တတ်ပြီး တစ်ခုခုကို တာဝန်ယူလိုက်တာနဲ့ အဲ့ဒါကို မဖြစ်ဖြစ်အောင် လုပ်တတ်ပါတယ်။
ISTJ ကိုယ်ရည်ကိုယ်သွေးရှိတဲ့လူ တော်တော်များများရှိကြပါတယ်။ ပြီးတော့ သူတို့က သူများတွေ အာရုံစိုက်ခံရအောင် သိပ်မလုပ်ကြပေမယ့် လူ့အဖွဲ့အစည်း ခိုင်မြဲတည်ငြိမ်နိုင်ဖို့အတွက် လူသားတစ်ယောက်ရဲ့ တာဝန်ကို ကျေအောင် လုပ်ဆောင်ကြပါတယ်။ သူတို့မိသားစုနဲ့ လူမှုအတိုင်းအဝိုင်းမှာ စေ့စပ်သေချာသူတွေက အားကိုးအားထားရသူတစ်ယောက်အနေနဲ့ လေးစားခံရပါတယ်။ ဖိအားတွေများတဲ့ အခြေအနေမှာတောင် ခေါင်းအေးအေးနဲ့ စဉ်းစားချင့်ချိန်တတ်ပြီး လက်တွေ့လည်း ကျပါတယ်။

လူအများစုက ခေါင်းရှောင်ကြပြီးတော့ သူများတွေကြားချင်တာတွေဘဲ ပြောပေးကြတဲ့ ခေတ်မှာ စေ့စပ်သေချာသူတွေကတော့ တာဝန်ခံမှု အပြည့်ရှိပြီး ရိုးသားဖြောင့်မတ်ကြပါတယ်။

ဖြောင့်မတ်တည်ကြည်သော ဘဝ

စေ့စပ်သေချာသူတွေက ဖြောင့်မတ်တည်ကြည်မှုရှိတယ်လို့ ခံစားရမှ ကိုယ့်ကိုယ်ကို လေးစားကြပါတယ်။ သူတို့က ဘယ်အခြေအနေမှာဆို မှန်မှန်ကန်ကန် လုပ်နိုင်တဲ့ နည်းတစ်နည်းတော့ ရှိလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ပြီးတော့ ဟန်ဆောင်လိမ်ညာကြတဲ့ လူတွေက သူတို့နဲ့ လုံးဝမကိုက်ကြပါဘူး။ သူတို့တွေက ဖွဲ့စည်းသတ်မှတ်ထားပြီးသားအရာတွေကို လေးစားကြတာကြောင့် ရာထူးအဆင့်ဆင့်နဲ့ အစီအစဉ်တကျရှိတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်ခွင်တွေ၊ ပညာရေးနယ်ပယ်တွေကို စိတ်ဝင်စားပါတယ်။

စေ့စပ်သေချာသူတွေက သတ်မှတ်ချက် ကန့်သတ်ချက်မရှိတာကို လွတ်လပ်မှုပေးတာလို့ မမြင်ပါဘူး။ ပရမ်းပတာဖြစ်စေတယ်လို့ဘဲ မြင်ကြတာပါ။

စေ့စပ်သေချာသူတွေက သူတို့ရဲ့ လုပ်ရပ်၊ ရွေးချယ်မှုအတွက် တာဝန်ယူဖို့ ဘယ်တော့မှ မတွေဝေကြပါဘူး။ သူတို့မှားသွားခဲ့ရင်လည်း မြန်မြန်ဝန်ခံတတ်ကြပြီးတော့ လူတွေကြား အရှက်ရနိုင်တဲ့ ကိစ္စတွေမှာတောင် အမှန်အတိုင်းဘဲ ပြောတတ်ကြပါတယ်။ သူများတွေ အကြိုက်လိုက်ပြောပေးတာထက် ရိုးရိုးသားသားပြောဖို့က ပိုပြီးအရေးကြီးတယ်လို့ ခံယူထားကြတာပါတယ်။ ဒါကြောင့် သူများတွေအထင်ကြီးအောင် လိမ်မပြောဘဲ အဟုတ်အမှန်အတိုင်းဘဲ ပြောတတ်ကြပါတယ်။
ဘယ်အခြေအနေမှာမဆို ကိုယ့်တာဝန်ကို ကျေအောင်လုပ်ဖို့ ကြိုးစားကြတာကြောင့် အချောင်ခိုတတ်တဲ့လူတွေကို တအားစိတ်ပျက်ကြပါတယ်။ တစ်ခါတစ်လေမှာ သူတို့စံညွှန်းနဲ့ မပြည့်မီတဲ့လူတွေကို မှားပြီးတော့ အထင်လွဲတတ်ကြပါတယ်။ တစ်ခြားပြဿနာလေးတွေ ရင်ဆိုင်နေရလို့ အလုပ်ပြီးအောင် မလုပ်ဆောင်နိုင်တဲ့လူတွေကို ပျင်းတဲ့လူတွေ မရိုးသားတဲ့ လူတွေဆိုပြီး အထင်မှားသွားနိုင်ပါတယ်။ စေ့စပ်သေချာသူတွေက သူတို့ရဲ့ အမြင် ဝေဖန်မှုတွေကို ထုတ်မပြောတတ်ကြပေမယ့် သူတို့ရဲ့ အထင်သေးသလို လုပ်တဲ့ အပြုအမူကို မထိန်းနိုင်ပါဘူး။ ဒါကြောင့် မစာနာတတ်တဲ့လူ စည်းကမ်းတင်းကျပ်လွန်းတဲ့လူ ဆိုပြီး‌ပြောခံရတတ်ပါတယ်။

အပျင်းကြီးတဲ့လူတွေကို ပထုတ်ခြင်း

စေ့စပ်သေချာသူတွေရဲ့ အလုပ်အပေါ် စူးစိုက်နစ်မြှုပ်နိုင်စွမ်းက လေးစားစရာကောင်းပါတယ်။ ဒီ ကိုယ်ရည်ကိုယ်သွေးကြောင့်ဘဲလည်း အောင်မြင်မှုတွေ အများကြီးရကြပါတယ်။ တစ်ခါတစ်လေလည်း တစ်ခြားလူတွေနဲ့ အသုံးချခံရတတ်ပါတယ်။ ကျင့်ဝတ်နဲ့ အညီ တာဝန်သိတတ်မှု အပြည့်ရှိတာကြောင့် တစ်ခါတစ်လေ သူများတွေရဲ့ တာဝန်တွေကိုပါ လုပ်ပေးနေတတ်ပါတယ်။ အဲ့လိုလုပ်ပေးရတယ်ဆိုပြီး မကျေမနပ်မပြောကြပေမယ့် အပျင်းကြီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေက အဲ့လိုခဏခဏ လာခိုင်းနေရင် သူတို့လည်း ပင်ပန်းပြီး စိတ်ပျက်သွားတတ်ကြပါတယ်။

စေ့စပ်သေချာသူတွေက ဘာအကျိုးအမြတ် အသိအမှတ်ပြုမှုမှ မရဘဲ သူများတွေရဲ့ အလုပ်တွေကို လုပ်ပေးနေတတ်ပါတယ်။

စေ့စပ်သေချာသူတွေက ခံစားချက်တွေကို လွယ်လွယ်မထုတ်ပြတတ်ကြပါဘူး။ အဲ့လို မထုတ်ပြတတ်လို့ ဘာကိုမှ စိတ်မပျက်တတ်ကြဘူး၊ မကျေမနပ် မဖြစ်ကြဘူးလို့ သတ်မှတ်လို့မရပါဘူး။ သူတို့ရဲ့ ဆက်ဆံရေးတွေ ဘက်ညီပြီးတော့ ရေရှည်တည်မြဲသွားဖို့ဆို ကန့်သတ်ချက်ဘောင်လေးတွေချထားပြီးတော့ ကိုယ်မလုပ်ပေးနိုင်တဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောသင့်ပါတယ်။ အဲ့လိုဆိုရင် သူတို့ရဲ့ ရှင်းလင်းပြတ်သားမှု၊ သစ္စာရှိမှု၊ အားကိုးနိုင်မှုစတဲ့ အားသာချက်တွေနဲ့ သူများကိုအများကြီး အကျိုးပြုနိုင်ကြမှာပါ။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
istj
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE