Logo of Wizzdo
Wizzdo Logo
Wizzdo

Defender (ISFJ)

လုံခြုံမှုပေးသူ / ခုခံကာကွယ်သူ

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

လုံခြုံမှုပေးသူတွေက အလုပ်ကြိုးစားတာဝန်ကျေပွန်တဲ့ Sentinel အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ အားထုတ်မှုအပြည့်နဲ့ ကိုယ်ချစ်ရတဲ့လူတွေအတွက် ခုခံကာကွယ်ပေးဖို့ အသင့်ရှိနေကြတဲ့ နွေးထွေးတဲ့ လုံခြုံမှုပေးသူတွေက ISFJ ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ISFJ တွေက

  • Introverted တသီးတသန့် နေရတာကြိုက်တယ်
  • Observant လက်ရှိမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို သတိထားတတ်တယ်
  • Feeling ခံစားချက်နောက်လိုက်တတ်ပြီးတော့
  • Judging ချင့်ချိန်ပြီးကြိုတင်စီမံတတ်တယ်
သူတို့က နွေးထွေးကြပြီး‌တော့ မကြွားဝါဘဲ ရိုးရိုးကုပ်ကုပ်နေတတ်ကြပါတယ်။ သူတို့က အလုပ်ကို ကောင်းမွန်အောင် လုပ်တတ်ကြပြီးတော့ တာဝန်ခံမှုရှိတဲ့အပြင် နေ့စဉ်ဘဝမှာဆိုလည်း အသေးစိပ်လေးတွေကအစ ဂရုစိုက်တတ်ကြပါတယ်။
လုံခြုံမှုပေးသူတွေရဲ့ မကြွားမဝါဘဲ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေတတ်တဲ့ အကျင့်က လောကကြီးမှာ တကယ်လိုအပ်ပါတယ်။ သူတို့ရဲ့ အလုပ်ကြိုးစားမှု၊ အလုပ်ထဲ နစ်မြှုပ်ထားမှုကြောင့် သူတို့ပတ်လည်မှာရှိတဲ့ ကိစ္စတွေကို ပိုကောင်းအောင် လုပ်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ခံစားကြရပါတယ်။ အလုပ်ကို သတ်မှတ်ရက်အတွင်း ပြီးအောင်လုပ်နိုင်ဖို့တို့၊ မွေးနေ့တွေ အရေးကြီးတဲ့ နေ့တွေ မှတ်ထားဖို့တို့၊ အစဉ်အလာထိန်းသိမ်းဖို့တို့၊ ချစ်ရတဲ့ လူတွေကို အားပေးထောက်ပံ့ဂရုစိုက်ပေးဖို့တို့ စတဲ့ကိစ္စတွေမှာ လုံခြုံမှုပေးသူတွေကို အားကိုးလို့ရပါတယ်။ ဒါပေမယ့် သူတို့က လူတွေရဲ့ ချီးကျူးမှုတွေကို သိပ်မလိုချင်ကြတာကြောင့် ကန့်လန့်ကာနောက်ကွယ်ကနေပြီးတော့ လုပ်ဆောင်ရတာကို ပိုကြိုက်ပါတယ်။
ISFJ တွေက စွမ်းရည်တွေ အများကြီးရှိပြီးတော့ လုပ်နိုင်စွမ်းမြင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သူများတွေကို စာနာပေးတတ်ပြီးတော့ ဂရုစိုက်တတ်ကြတဲ့အပြင် သူတို့မှာ အသေးစိပ်တွေကို မြင်တတ်ပြီးတော့ ခွဲဖြာဆန်းစစ်တတ်တဲ့ အရည်အချင်းကောင်းလည်းရှိကြပါတယ်။ ဣန္ဒြေအပြည့်နဲ့ တည်တည်ကြည်ကြည်နေတတ်ကြပေမယ့်လည်း လူတွေနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံတတ်ကြပြီးတော့ လူမှုဆက်ဆံရေး ကောင်းကြပါတယ်။ သူတို့ရဲ့ အားသာချက် စွမ်းရည်အများကြီးကြောင့် နေ့စဉ်ဘဝရဲ့ သာမန်ကိစ္စတွေမှာတောင် သူတို့က သူများတွေထက်သာအောင် လုပ်နိုင်ပါတယ်။

လုံခြုံမှုပေးသူတွေက ကိုယ်ကျိုးထက် သူများအကျိုးတွေကို ပိုပြီးဦးစားပေးတဲ့ သူအစစ်ဖြစ်ပါတယ်။ ကြင်နာတတ်ကြပြီးတော့ သူတို့ရဲ့ အလုပ်၊ သူတို့ယုံကြည်ရတဲ့ လူတွေကို စိတ်အားထက်သန်မှု၊ ရက်ရောမှု အပြည့်နဲ့ ဆက်ဆံကြပါတယ်။

သစ္စာရှိခြင်း

လုံခြုံမှုပေးသူတွေရဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးက သစ္စာရှိမှုဖြစ်ပါတယ်။ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေးတွေမှာ သူတို့ဘက်က စပြီး သစ္စာဖောက်လို့ ပျက်သွားတယ်ဆိုတာ သိပ်ရှားပါတယ်။ သူတို့ချစ်ရတဲ့ လူတွေနဲ့ ဆက်ဆံရေး ရေရှည် ခိုင်မာတည်မြဲအောင် ထိန်းသိမ်းနိုင်ဖို့ သူတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်း အကုန်နဲ့ ကြိုးစားကြပါတယ်။ သူတို့က သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ ခက်ခဲနေတဲ့ အချိန်မှာ အရာရာကို ပစ်ချပြီးတော့ ကူညီဖို့ လက်လှမ်းပေးတတ်ကြပါတယ်။

လုံခြုံမှုပေးသူတွေက တစ်ယောက်ယောက်က သူတို့အကူအညီလိုအပ်နေတဲ့အချိန်မှာ ဘေးမှာရှိနေပေးနိုင်ပြီးတော့ အကူအညီပေးလိုက်နိုင်တာကို တအားပျော်ရွှင်ကျေနပ်ကြပါတယ်။

သူတို့ရဲ့ သစ္စာရှိမှုက သူတို့အနီးမှာရှိတဲ့လူ၊ သူတို့ချစ်ရတဲ့ လူတွေအတွက်တင် မဟုတ်ပါဘူး။ သူတို့ရဲ့ လူမှုအဖွဲ့အစည်း၊ အလုပ်ရှင် ပြီးတော့ မိသားစု အစဉ်အလာတွေအပေါ်မှာပါ သစ္စာရှိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သူများတွေကို အလုပ်အကျွေးပြုပေးချင်တဲ ဆန္ဒနဲ့ နစ်မြှုပ်ထားမှုက ဆိုးကျိုးတွေလည်း ဖြစ်စေနိုင်ပါတယ်။ တခြားလူတွေက လုံခြုံမှုပေးသူတွေရဲ့ အလုပ်ကြိုးစားပြီးတော့ ကူညီပေးတတ်တဲ့ အကျင့်ကို အမြတ်ထုတ် အသုံးချနိုင်ကြပါတယ်။ အဲ့လို အခြေအနေမှာဆို လုံခြုံမှုပေးသူတွေက အလုပ်တွေအလွန်အကျွံလုပ်ပြီးတော့ အားအင်တွေကုန်ခန်း၊ ကျန်းမာရေး ချွတ်ခြုံကျသွားနိုင်ပါတယ်။ ပြီးတော့ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်လာတဲ့ အချိန်မှာ ပြောင်းလဲဖို့စဉ်းစားကြည့်လိုက်ရင်တောင် အပြစ်ရှိသလိုခံစားရပြီးတော့ စိတ်ဖိစီးရနိုင်ပါတယ်။

သတ်မှတ်ချက်စံနှုန်းမြင့်ခြင်း

လုံခြုံမှုပေးသူတွေအတွက် “ကောင်းသလောက်ရှိပါတယ်” ဆိုတဲ့ စကားလုံးက သူတို့အတွက် မလုံလောက်ပါဘူး။ သူတို့က အရာရာကို ဟာကွက်လုံးဝမရှိအောင် စင်းလုံးချောဖြစ်အောင်အထိ စေ့စပ်တိကျကြပါတယ်။ သူတို့ရဲ့ တာဝန်ကို အပြည့်ယူကြပြီးတော့ သူများတွေ မျှော်လင့်ထားတာထက် ပိုကောင်း ပိုသာအောင် အမြဲတမ်းလုပ်တတ်ကြပါတယ်။

လုံခြုံမှုပေးသူတွေက သူတို့ရဲ့ နှိမ့်ချတတ်ပြီးတော့ လူတွေအာရုံစိုက်မခံရအောင် နေတတ်ကြပါတယ်။

လုံခြုံမှုပေးသူတွေက သူတို့ရဲ့ အောင်မြင်မှုတွေကို လူတွေအများကြီး မသိအောင် မှိန်ထားတတ်ကြပေမယ့် သူတို့ရဲ့ အားထုတ်လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုခံရချင်ပါတယ်။ လုံခြုံမှုပေးသူတွေက ကိုယ့်ကိုယ်ကို မထိန်းနိုင်ရင် သူတို့ကို အသိအမှတ်မပြု၊ ကျေးဇူးမတင်တတ်တဲ့လူတွေကို တဖြည်းဖြည်းနဲ့ လုပ်ပေးချင်စိတ် ကုန်ပြီးတော့ မကျေမချမ်းတွေဖြစ်တတ်ပါတယ်။

သူများတွေရဲ့ လိုအပ်ချက်၊ လိုအင်တွေကို သိမြင်ခြင်း

လုံခြုံမှုပေးသူတွေက တစ်ယောက်တည်းနေရတာ ကြိုက်ပေမယ့် ခင်မင်ဖော်ရွေကြပါတယ်။ သူများတွေရဲ့ ဘဝအသေးစိပ်ကစပြီး မှတ်မိနိုင်ကြတာကြောင့် သူတို့သူငယ်ချင်း၊ မိတ်ဆွေတွေကို လုံခြုံမှုပေးသူတွေက သိမြင်နားလည်ပေးနိုင်တယ်လို့ ခံစားရစေပါတယ်။ ISFJ တွေက အခမ်းအနား အကြီးကြီးမှာဖြစ်စေ၊ အသေးလေးမှာ ဖြစ်စေ မှန်ကန်သင့်လျော်တဲ့ လက်ဆောင်ကို ‌ရွေးပေးနိုင်ကြပါတယ်။
သူတို့ကိုယ်ကို နစ်မြှုပ်ထားကြပြီးတော့ သူများတွေအတွက် တွေးပေးတတ်တာကြောင့် သူတို့အနီးနားကလူတွေ အဆင်ပြေအောင် ပျော်ရွှင်အောင် ကူညီပေးရတာကို ကျေနပ်ကြပါတယ်။ လုံခြုံမှုပေးသူတွေက သူများတွေကို ကူညီပေးနိုင်ကြပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်လိုအပ်ချက်တွေ၊ လိုအင်တွေကိုတော့ မြင်ဖို့ခက်ကြပါတယ်။ ဒါပေမယ့် မြင်သွားတဲ့ တစ်နေ့မှာတော့ ကမ္ဘာကြီးပိုကောင်းလာအောင် လုပ်ပေးချင်စိတ်တွေ ပိုတိုးလာတာ တွေ့ရမှာပါ။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
isfj
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE