Logo of Wizzdo
Wizzdo Logo
Wizzdo

Logician (INTP)

ဆင်ခြင်တွေးခေါ်သူ / ယုတ္တိဗေဒပညာရှင်

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

Analyst တွေဖြစ်တဲ့ ခွဲဖြာဆန်းစစ်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်တယ်။ ပညာအမြဲရှာနေတတ်ပြီး ဆန်းသစ်တီထွင်သူ Logician တွေက INTP ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားကြတယ်။

INTP တွေက

  • Introverted တသီးတသန့် နေရတာကြိုက်တယ်
  • Intuitive ဗီဇစိတ်နဲ့ အလိုလိုသိတတ်တယ်
  • Thinking အချက်အလက်တွေကို အားထားတွေးတောတတ်ပြီးတော့
  • Prospecting အခြေအနေ အလားအလာကိုကြည့်ပြီး လုပ်ဆောင်တတ်ကြတယ်။
Logician တွေက ကျတော့ အခြေအနေအလျောက် အတွေးတွေ ဆုံးဖြတ်ချက်တွေကို လွယ်လွယ်ပြင်နိုင်ကြတယ်။ ဘဝကို သမားရိုးကျ ပုံစံခွက်နဲ့မဖြတ်သန်းချင်ကြဘူး။ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းနဲ့ ဘာကိုမဆို စမ်းသပ်ကြည့်ချင်တဲ့စိတ်ကြောင့် သူများတွေသိပ်မလျှောက်တဲ့လမ်းကို ရွေးချယ်ကြတယ်။
Logician တွေက သူတို့ရဲ့ သူများနဲ့မတူ တစ်မူထူးခြားတဲ့ အမြင် သွက်လက်တဲ့ဉာဏ်ရည်ကို သိပ်ဂုဏ်ယူတတ်ကြတယ်။ စကြဝဠာကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို အဖြေရှာချင်ကြတယ်။ ဒါကြောင့် ခေတ်အဆက်ဆက်က သိပ္ပံပညာရှင်တွေ ဒဿနိကပညာရှင်တွေက Logician တွေဖြစ်ကြတာများတယ်။ ဒီကိုယ်ရည်ကိုယ်သွေးရှိတဲ့လူ‌တွေက အတော်တော့ရှားကြတယ်။ ဒါပေမယ့် သူတို့ရဲ့ တီထွင်ဖန်တီးဉာဏ်ကြောင့် အများနဲ့မတူဘဲ ကွဲထွက်နေတာကို မကြောက်ကြပါဘူး။

စိတ်ကူးဉာဏ်ရှိပြီးတော့ စူးစမ်းချင်တတ်တော့ သူတို့ရဲ့ စိတ်က ဘယ်လိုတွေများ လုပ်ဆောင်တာလဲဆိုတာကိုတောင် တော်တော်စိတ်ဝင်စားကြတယ်။

Logician တွေက များသောအားဖြင့် အတွေးတွေထဲ နစ်မြောနေတတ်ကြတယ်။ သူတို့တွေးတောဆင်ခြင်နေတာ ဘယ်တော့မှမရပ်ကြဘူး။ နိုးလာပြီဆိုတာနဲ့ သူတို့ရဲ့စိတ်ထဲမှာ အကြံဉာဏ်စိတ်ကူးတွေ၊ မေးခွန်းတွေနဲ့ ပြည့်နေတတ်တယ်။ တစ်ခါတစ်လေ သူတို့ခေါင်းထဲမှာ တစ်ယောက်တည်း စကားရည်လုနေနိုင်တယ်။
အပြင်ကကြည့်ရင်တော့ Logician တွေက အဆုံးအစမရှိ စိတ်ကူးယဉ်နေတယ်လို့ ထင်ရပါတယ်။ သူတို့ရဲ့ စိတ်ကို လက်ရှိအချိန်မှာ အာရုံစိုက်နိုင်အောင် မလေ့ကျင့်မချင်း ငေးစိုက်တွေးဆနေတတ်သူ၊ စိတ်ပျံ့လွင့်နေတတ်သူ၊ သီးသန့်နေတတ်သူ စသဖြင့် ခဏခဏအပြောခံရတတ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာဘဲနေနေ အတွေးဘဲပျံ့နေနေ သူတို့က လူတွေအများကြီးနဲ့ ရောနှောနေရတာ မကြိုက်ကြပါဘူး။ သူတို့က သူတို့ကိုယ်ပိုင်အတွေးနဲ့ တစ်ယောက်တည်း အကြံဉာဏ်တွေ ထုတ်နိုင်မယ့်အချိန်ကို တောင့်တကြပါတယ်။
အများနဲ့နေရတာမကြိုက်ပေမယ့် Logicianတွေကတွေက ခင်စရာကောင်းကြပါတယ်။ သူတို့စိတ်နဲ့ ကိုက်တဲ့လူ‌နဲ့ တွေ့ရတဲ့ချိန်ဆို သူတို့တအားပျော်တတ်ကြတယ်။ အတွေးတွေဖလှယ်ရင်း တစ်ယောက်နဲ့တစ်ယောက် စကားရည်လုရတာကို သူတို့ သိပ်ကြိုက်တတ်ကြပါတယ်။

Logician တွေက သမားရိုးကျမဟုတ်တဲ့ အကြောင်းအရာတွေ၊ အကယ်၍ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ စတဲ့ ထူးထူးဆန်းဆန်းတွေးခေါ်ရတဲ့ ကိစ္စတွေအကြောင်းပြောရတွေးရတဲ့ စကားဝိုင်းကို အတော်ကြိုက်ကြတယ်။

Logician တွေက ပုံစံတွေ ဖြစ်စဉ်တွေဖြစ်စဉ်တွေကို ပိုင်းခြားစိတ်ဖြာရတာ ကြိုက်ကြတယ်။ ပြီးရင် သူများတွေလွယ်လွယ်မမြင်နိုင်တဲ့ ကွာဟချက်တွေ ထူးခြားချက်တွေကို တွေ့တတ်တဲ့ ရှားလော့ဟုမ်းလို အထုံပါကြတယ်။ ဆိုတော့ သူတို့ကို လိမ်လို့မရပါဘူး။
Logicians တွေရဲ့ စကားကို အတည်ယူလို့မရပါဘူး။ သူတို့က မရိုးသားတာတော့ မဟုတ်ပေမယ့် ကောင်းကောင်းမတွေးသေးခင် ပြောလိုက်တာမျိုးများတယ်။ ပြီးရင် သူတို့အမြင် ပြောင်းသွားရင်လည်း အဲ့အစီအစဉ်ကို ပြင်ပစ်ဖို့ဝန်မလေးကြပါဘူး။ ပြီးတော့ စကားဝိုင်းဝေဆာနေဖို့ လူတွေတော်တော်များများ သဘောတူထားကြတဲ့ အကြောင်းအရာတွေရဲ့ဆန့်ကျင်ဖက်ကနေပြီးလည်း ငြင်းခုံတတ်ကြတယ်။
Logicians တွေက ဖြစ်လာနိုင်တဲ့ကိစ္စတွေ တွေးရင်း ကောက်ချက်ချတာတွေကို တစ်နေကုန် ကုန်တဲ့ထိ လုပ်နိုင်ကြတယ်။ အဲ့အတွေးတွေကို တကယ်ဖြစ်‌လာအောင်လုပ်ဖို့တော့ တအားကြီး စိတ်အားမထက်သန်ပါဘူး။ ဒါပေမယ့် ရှုပ်‌ထွေးပြီး လှည့်ကွက်များတဲ့ ပြဿနာတွေကို စိတ်ဖြာလေ့လာပြီး ဖြေရှင်းချက်ထုတ်ပေးရတဲ့ချိန်ဆို Logicianကို မှီတဲ့လူသိပ်မရှိကြပါဘူး။
INTP ကိုယ်ရည်ကိုယ်သွေး ရှိတဲ့လူတွေက စကြဝဠာတစ်ခုလုံးကို သိချင်ကြတယ်။ ဒါပေမယ့်အဲ့ထဲက‌နေ လူ့သဘာဝကို သူတို့စိတ်အဝင်စားဆုံးဖြစ်တယ်။ Logician လို့ဆိုသလိုဘဲ အရာရာကို လက်ခံယုံကြည်နိုင်လောက်တဲ့ အထောက်အထားနဲ့ အကျိုးသင့်အကြောင်းသင့်ရှိစေချင်တယ်။ အဲ့တော့ ခံစားချက်‌တွေက လူတွေရဲ့အပြုအမူကို လွှမ်းမိုးလိုက်တာကြောင့် ယုတ္တိမရှိတာတွေ ကျိုးကြောင်းမဆီလျော်တာတွေ ဖြစ်ကုန်ရင် သူတို့မှာ ခေါင်းတွေရှုပ်ကုန်ကြပါပြီ။
ယုတ္တိရှိတာကိုဘဲ ဉီးစားပေးတယ်ဆိုပေမယ့် မခံစားတတ်တဲ့လူတွေမဟုတ်ပါဘူး။ သူတို့ချစ်ရသူတွေ၊ သူငယ်ချင်းတွေကိုဆို နှစ်သိမ့်ပေးချင်ကြတယ် အားပေးချင်ကြတယ်။ ဒါပေမယ့်ဘယ်လိုအားပေးရမလဲ မသိတော့ ဘာမှမပြောမလုပ်ဘဲ နေဖြစ်သွားတတ်တယ်။
Logician တွေက ဆုံးဖြတ်ချက် သေးသေးလေးကစ အတွေးလွန်တတ်ကြတော့ အလုပ်မတွင်တာတွေဖြစ်တတ်တယ်။ ဒါပေမယ့်လည်းအကြာကြီး တွေးမနေအောင် သူတို့ကိုယ်သူတို့ ပြန်ထိန်းနိုင်ကြပါတယ်။ သူတို့ရဲ့ဖန်တီးနိုင်စွမ်း၊ အမြင်မတူတာတွေကိုလည်း လက်ခံပေးနိုင်တာတွေကြောင့် သူတို့ဖြစ်ချင်ကြတဲ့ အတွေးသမား၊ ပျော်ရွှင်တဲ့လူဖြစ်လာကြမှာပါ။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
intp
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE