Logo of Wizzdo
Wizzdo Logo
Wizzdo

Mediator (INFP)

စာနာဂရုစိုက်ပေးသူ / ဖျန်ဖြေရေးသမား

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

စာနာဂရုစိုက်ပေးသူတွေက နွေးထွေးဂရုစိုက်ပေးတတ်တဲ့ Diplomats အမျိုးအစား လေးခုထဲက တစ်မျိုးဖြစ်ပါတယ်။ စာနာဂရုစိုက်ပေးသူတွေက ကဗျာဆန်ကြင်နာပေးတတ်တဲ့ အများအကျိုးအတွက် အနစ်နာခံနိုင်ကြတဲ့သူတွေဖြစ်ပြီးတော့ INFP ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

INFP တွေက

  • Introverted တစ်ယောက်တည်းနေရတာ ကြိုက်တယ်
  • Intuitive ဗီဇစိတ်နဲ့ အလိုလိုသိတတ်တယ်
  • Feeling ခံစားချက်နောက်လိုက်တတ်ပြီးတော့
  • Prospecting အခြေအနေ အလားအလာကို ကြည့်ပြီး လုပ်ဆောင်တတ်ကြတယ်။
ဒီရှားပါးတဲ့ ကိုယ်ရည်ကိုယ်သွေးအမျိုးအစားဖြစ်တဲ့ INFP တွေက စကားနည်းတယ်၊ သူများတွေရဲ့ အမြင်တွေကို လက်ခံပေးနိုင်တယ်၊ စိတ်ကူးဉာဏ်ရှိပြီးတော့ အရာရာကို ဂရုတစိုက်နဲ့ ဆန်းသစ်အောင် လုပ်ဆောင်တတ်ကြတယ်။
သူတို့က အေးဆေးတိတ်ဆိတ်ကြပြီးတော့ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တယ်လို့ ထင်ရပေမယ့် သူတို့ရဲ့ အတွင်းစိတ်မှာတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေးတွေရှိပါတယ်။ ဖန်တီးနိုင်စွမ်းရှိပြီးတော့ စိတ်ကူးဉာဏ်ရှိတော့ သူတို့ရဲ့ စိတ်တွင်းမှာ ဇာတ်လမ်းတွေ၊ ပြောစရာ‌စကားတွေ အကြောင်းကို ဖန်တီးပြီးတော့ အတွေးကမ္ဘာထဲမှာ ပျော်နေတတ်ကြပါတယ်။
သူတို့က ရသခံစားတတ်ပြီးတော့ နူးညံ့တဲ့ နှလုံးသားလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့က ဂီတ၊ အနုပညာ၊ သဘာဝနဲ့ အနားမှာရှိတဲ့ လူတွေကို တအားခင်တွယ်ကြပါတယ်။
စာနာထောက်ထားတတ်ပြီးတော့ စိတ်ကူးယဉ်ဆန်တတ်ကြတော့ လေးနက်ခိုင်မြဲတဲ့ ဆက်ဆံရေးကို လိုချင်ကြပြီးတော့ သူများတွေကို ကူညီပေးချင်ကြပါတယ်။ INFP အမျိုးအစားကို လူနည်းစုမှာဘဲ တွေ့ရတတ်တော့ သူတို့က လောကကြီးမှာ ပျောက်‌နေသလို၊ အထီးကျန်သလို၊ သူတို့ရဲ့ စရိုက်ကို အသိအမှတ်မပြုခံရသလို တစ်ခါတစ်လေ ခံစားရနိုင်ပါတယ်။

စာနာကူညီပေးတတ်ခြင်း

INFP တွေက လူ့သဘာဝကို နက်နက်ရှိုင်းရှိုင်း သိချင်ကြပါတယ်။ ကိုယ့်ဘာသာ အတွေးနယ်ချဲ့တတ်ပြီးတော့ ကိုယ်ပိုင်အတွေး၊ ခံစားချက်တွေနဲ့ ပျော်နေတတ်ကြပေမယ့် သူ့တို့အနီးက လူတွေကိုလည်း နားလည်ပေးချင်ကြပါတယ်။ သူတို့က စာနာတတ်ပြီးတော့ သူများတွေကို မဝေဖန်ကြတဲ့ အပြင် တစ်ခြားလူတွေရဲ့ အကြောင်း အတွေ့အကြုံတွေကို နားထောင်ချင်ကြပါတယ်။ တစ်ယောက်ယောက်က သူတို့ဆီ ရင်လာဖွင့်ပြီးတော့ စိတ်သက်သာရာ လာရှာကြရင် သူတို့က နားထောင်ပေးဖို့နဲ့ ကူညီပေးဖို့ အသင့်ရှိကြပါတယ်။

သူတို့ရဲ့ ရည်မှန်းချက် မျှော်လင့်ချက်တွေတင်မကဘဲ သူတို့ရဲ့ လျှို့ဝှက်ချက်၊ အားနည်းချက်တွေကိုပါမကျန် အကုန်လုံးကို ဖွင့်ပြလို့ရနိုင်တဲ့ ဆက်ဆံရေးမျိုးကို လိုချင်ကြပါတယ်။

သူများတွေကို စာနာကူညီပေးတတ်တာက သူတို့ရဲ့ ပင်ကိုစွမ်းရည်ဖြစ်ပေမယ့် တစ်ခါတစ်လေမှာ အဲ့ဒါကြောင့် နာကျင် ဒုက္ခရောက်တတ်ပါတယ်။ ဘာလို့ဆို သူများတွေရဲ့ ပြဿနာတွေကို သူတို့ ပခုံးပေါ်ထမ်းလိုက်သလိုဖြစ်နေပြီးတော့ သူများတွေရဲ့ ပြဿနာကို ကိုယ့်ပြဿနာလို သဘောထားတတ်ကြလို့ပါ။ သူတို့ကိုယ်သူတို့ ဘယ်လိုကိစ္စတွေကိုဘဲ ကူညီမယ်၊ ဘယ်လိုကိစ္စတွေမှာဘဲ အမှန်ပြင်ပေးမယ်ဆိုပြီး နယ်နိမိတ်မချတတ်ရင်တော့ စိတ်ဒုက္ခရောက်ရတတ်ပါတယ်။

သူတို့ရဲ့ အတွေးတွေကို ဖော်ပြခြင်း

INFP တွေက သူတို့ရဲ့ နဂို ပုံစံအတိုင်းဘဲ နေတတ်ပြီးတော့ မဟန်ဆောင်တတ်ပါဘူး။ သူတို့က ရသတွေကို ခံစားတတ်တဲ့အပြင် နူးညံ့ပြီးတော့ အမှန်တရားကို ချစ်မြတ်နိုးကြတယ်။ ဒါကြောင့်ဘဲ INFP အများစုကို ကဗျာဆရာ၊ စာရေးဆရာ၊ သရုပ်ဆောင်နဲ့ ပန်းချီဆရာတွေ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ သူတို့က ဖြစ်နိုင်တဲ့ ဇာတ်လမ်းပုံပြင်တွေကို လျှောက်တွေးပြီး ဘဝရဲ့အဓိပ္ပာယ်၊ ရည်ရွယ်ချက်တွေကို တွေးတောကောက်ချက်ကြတတ်ပါတယ်။

သူတို့က သူတို့ရဲ့ အတွေးတွေကို ဖော်ပြတဲ့ နေရာမှာ တကယ်တော်ကြပါတယ်။ သူတို့ရဲ့ အတွေး၊ လျှို့ဝှက်ချက်တွေကို စိတ်ကူးယဉ် ဇာတ်ကောင်တွေနဲ့ တင်စားဖော်ပြတတ်ပါတယ်။

သူတို့မှာ စိတ်ကူးယဉ်ဆန်တတ်တဲ့ စရိုက်က ကြည်နူးစရာကောင်းပေမယ့် တစ်ခါတစ်လေမှာ လက်တွေ့လုပ်စရာကိစ္စ‌တွေကို မေ့ပြီး စိတ်ကူးယဉ်အတွေးထဲ နစ်မျောသွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ဘာမှအသုံးမကျဘူး၊ လုပ်နိုင်စွမ်းမရှိဘူးဆိုပြီး စိတ်ဓာတ်မကျရအောင် သူတို့ရဲ့ အိပ်မက်တွေ အတွေးတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားသင့်ပါတယ်။

ဘဝပေးတာဝန်ကို ရှာဖွေခြင်း

INFP တွေက သူတို့ရဲ့ ဘဝရည်ရွယ်ချက်ကို မရှာတွေ့မချင်း ဦးတည်ရာမဲ့နေသလို ခံစားရတတ်ပါတယ်။ INFP အများစုရဲ့ ဘဝရည်ရွယ်ချက်က သူများတွေကို အားပေးနှစ်သိမ့်ပေးပြီး ကူညီပေးတာနဲ့ စပ်ဆိုင်နေတတ်ပါတယ်။ သူများတွေကို ကူညီပေးတဲ့အချိန်မှာ ကိုယ့်ရဲ့ အားထုတ်ကူညီပေးနိုင်စွမ်း၊ လုပ်နိုင်စွမ်းနဲ့ အားအင်တွေကိုလည်း ထည့်တွေးသင့်ပါတယ်။ မဟုတ်ရင်တော့ အားအင်တွေ လုံးဝကုန်ဆုံးသွားပြီးတော့ ပင်ပန်းရတတ်ပါတယ်။
INFP တွေက နွေဦးမှာ ပွင့်တဲ့ပန်းတွေလို သူတို့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ စိတ်ကူးဉာဏ်တွေကြောင့် အမှောင်မိုက်ဆုံး အခက်ခဲဆုံးအခြေအနေမှာတောင် လောကကြီးကို လင်းလက်စေနိုင်ပါတယ်။ သူတို့က ကမ္ဘာကြီးက ဘယ်တော့မှ ပြီးပြည့်စုံနိုင်မှာ မဟုတ်ဘူးဆိုတာကို သိပေမယ့်လည်း ပိုကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာအောင် သူတို့လုပ်နိုင်စွမ်းရှိသလောက်လေး ကြိုးစားချင်ကြပါတယ်။ ဒီခံ‌ယူချက်ကြောင့်ဘဲ သူတို့က ရောက်‌တဲ့နေရာတိုင်းမှာ သူများတွေကို ကြင်နာစာနာ ကူညီတတ်ကြပါတယ်။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
infp
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE