Logo of Wizzdo
Wizzdo Logo
Wizzdo

Advocate (INFJ)

ထောက်ခံရပ်တည်ပေးသူ / တရားရုံးရှေ့နေ

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

ထောက်ခံရပ်တည်ပေးသူ တွေက နွေးထွေးဂရုစိုက်ပေးတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ Diplomats အမျိုးအစား လေးခုထဲက တစ်မျိုးဖြစ်ပါတယ်။ ထောက်ခံရပ်တည်ပေးသူ တွေက အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်ပြီးတော့ INFJ ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

INFJ တွေက

  • Introverted တစ်ယောက်တည်းနေရတာ ကြိုက်တယ်
  • Intuitive ဗီဇစိတ်နဲ့ အလိုလိုသိတတ်တယ်
  • Feeling ခံစားချက်နောက်လိုက်တတ်ပြီးတော့
  • Judging ချင့်ချိန်ပြီး ကြိုတင်စီမံတတ်တယ်
ထောက်ခံရပ်တည်ပေးသူ တွေက ဘာကိုမဆို လေးလေးနက်နက်တွေတတ်ပြီးတော့ စိတ်ကူးယဉ်တတ်ကြတယ်။ ကိုယ်ပိုင်အမြော်အမြင်၊ တန်ဖိုးထားမှု၊ လူ့ကိုယ်ကျင့်တရား တွေကိုအခြေခံပြီး ကိစ္စတိုင်းကို ဆုံးဖြတ်တတ်ကြတယ်။
ထောက်ခံရပ်တည်ပေးသူ တွေက ကိုယ်ရည်ကိုယ်သွေး အမျိုးအစား ၁၆ မျိုးထဲမှာ အရှားပါးဆုံးတွေဖြစ်နိုင်ပါတယ်။ ဘယ်မှာမဆို အကောင်းဆုံးဖြစ်အောင် လုပ်ချင်ကြတော့ ဘဝကို ရိုးရိုးသာမန်လိုဘဲ မဖြတ်သန်းချင်ကြပါဘူး။ သူများနဲ့မတူတဲ့ ထူးခြားတဲ့ လူဖြစ်ချင်ပြီး အပြောင်းအလဲလေးတွေကို လုပ်ချင်ပါတယ်။ သူတို့အတွက် အောင်မြင်မှုက ငွေတွေ၊ ရာထူးတွေမဟုတ်ကြပါဘူး။ သူများတွေကို ကူညီရတာ၊ ကမ္ဘာကြီးကောင်းမွန်လာအောင် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ရတာ၊ စိတ်ချမ်းသာမှုရတာတွေက သူတို့အတွက် အောင်မြင်မှုတွေဖြစ်ကြပါတယ်။
သူတို့မှာ မွန်မြတ်တဲ့ ပန်းတိုင်၊ ရည်မှန်းချက် အမြင့်ကြီးတွေ ရှိကြပါတယ်။ သူတို့က ဂုဏ်သိက္ခာကို အထိခိုက်မခံကြတဲ့ လူတွေဖြစ်ပြီးတော့ တာဝန်သိတတ်လို့ သူတို့လုပ်သင့်တယ်လို့ထင်တဲ့ ကိစ္စကို မလုပ်ပြီးမချင်း မကျေနပ်ကြပါဘူး။ သူတို့အတွက် အရေးကြီးတဲ့ အရာ၊ ကိုယ်ပိုင်တန်ဖိုးထားမှု ကို လက်ကိုင်ထားပြီးတော့ ပတ်ဝန်းကျင်က ဘာပြောပြော သူတို့မှန်တယ်လို့ ထင်တဲ့ အရာကို လုပ်တတ်ကြပါတယ်။

ဘဝရည်ရွယ်ချက်ကို ရှာဖွေခြင်း

ထောက်ခံရပ်တည်ပေးသူ တွေက ရှားပါးကြတော့ သူတို့ရဲ့ အတွေးအမြင်တွေက တခြားလူတွေနဲ့ သိပ်မတူကြပါဘူး။ သူတို့မွေးဖွားလာရတဲ့ ရည်ရွယ်ချက်ကို အမြဲရှာနေတတ်ကြပြီးတော့ သူတို့ရဲ့ စရိုက်က သူတို့ဘေးက လူတွေနဲ့ သိပ်ပြီး မကိုက်ညီကြပါဘူး။ တစ်ခါတစ်လေမှာ အထင်မှားခံရတာမျိုး လူထူးဆန်းလို့ အပြောခံရတာမျိုးရှိပေမယ့် သူများတွေနဲ့ ခင်ခင်မင်မင်နေတတ်ကြပါတယ်။
သူတို့က ကိုယ်ကျိုးထက် အများအကျိုးကို ဦးစားပေးတတ်ပြီးတော့ မတရားမှုတွေကို မြင်ရင် သည်းမခံနိုင်ကြပါဘူး။ သူတို့ရဲ့ အားသာချက်တွေဖြစ်တဲ့ ဖန်တီးနိုင်စွမ်း၊ စိတ်ကူးကောင်း၊ စာနာညှာတာမှုကို အသုံးချပြီး သူများတွေကို အားပေးကူညီတတ်ကြပါတယ်။

သူများဘဝကို တိုးတက်ပြောင်းလဲအောင် ကူညီပေးလိုက်နိုင်တာက သူတို့အတွက် ဘာနဲ့မှမလဲနိုင်တဲ့ ပျော်ရွှင်မှုပီတိတွေ ဖြစ်ပါတယ်။

ထောက်ခံရပ်တည်ပေးသူ အများစုက သူများတွေကို ကူညီပေးဖို့က သူတို့ရဲ့ ဘဝပေးတာဝန်လို့ မှတ်ယူထားကြတယ်။ ဒါကြောင့် သူများတွေကို ဘယ်နေရာကနေ ဝင်ပြီးကူညီပေးရမလဲဆိုပြီး အမြဲနည်းလမ်းရှာနေတတ်ကြတယ်။ သူတို့က ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ လူမှုပြဿနာတွေကို ဖြေရှင်းပေးချင်ကြပါတယ်။ သူများတွေကိုဘဲ ဂရုစိုက်နေပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့မေ့နေတတ်တော့ ခဏခဏ စိတ်ဖိစီးရပါတယ်။

တစ်ခြားလူတွေနဲ့ ဆက်သွယ်ခြင်း

ထောက်ခံရပ်တည်ပေးသူ တွေက တစ်ယောက်တည်းနေရတာ ကြိုက်ကြပေမယ့် လေးနက်စစ်မှန်တဲ့ ဆက်ဆံရေးတွေကို တန်ဖိုးထားကြပါတယ်။ တစ်ခြားလူအကြောင်းကို အတွင်းကျကျ သိရရင် ပျော်တတ်ကြပါတယ်။ သူတို့က လောကဝတ်ပြုပြီး အပေါ်ယံနှုတ်ဆက်စကားပြောရတာထက် အဓိပ္ပာယ်ရှိတဲ့စကားဝိုင်းမှာ ဝင်ပါရတာ ပိုကြိုက်ကြပါတယ်။ သူတို့ရဲ့ ရိုးရိုးသားသားပြောတတ်တဲ့ အကျင့်ကြောင့် ပတ်ဝန်းကျင်ကလူတွေက သူတို့ကို သဘောကျကြပါတယ်။

သူတို့က အမှန်တကယ်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းနည်းနည်းလေးနဲ့ နေရတာကို ပိုကြိုက်ကြပါတယ်။

သူတို့သူငယ်ချင်းတွေအတွက် စဉ်းစားပေးတတ်ပြီးတော့ ဂရုစိုက်ကူညီပေးတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကူညီဂရုစိုက်ပေးမှုတွေကို တစ်ခြားလူတွေက အသိအမှတ်မပြုပေးရင် အားမလိုအားမရဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သူများတွေက နည်းနည်းလေး အပြစ်ပြောလိုက်ရင်တောင် သူတို့မှာ အကြီးကြီးတွေနာကျင် ခံစားကြရပါတယ်။
ထောက်ခံရပ်တည်ပေးသူ တွေက သူတို့က လောကကြီးကို အကျိုးပြုပေးဖို့ မွေးဖွားလာကြတာလို့ ခံယူထားကြတယ်။ ဒါကြောင့် သူတို့မွေးဖွားလာတဲ့ ရည်ရွယ်ချက်ကို အမြဲရှာနေတတ်ကြပြီး သူတို့လုပ်ရမယ့် တာဝန်ကို သိသွားပြီဆိုရင် အဲ့ဒါကို မရအရ ကြိုးစားပမ်းစား ထမ်းဆောင်တတ်ကြပါတယ်။
သူတို့က မတရားမှုတွေကို ကြုံတွေ့ရရင်တောင် လွယ်လွယ်အရှုံးမပေးကြပါဘူး။ သူတို့ဘာလုပ်သင့်လဲ ဆိုတာကို ကိုယ့်ကိုယ်ကို ပြန်မေးတတ်ကြပြီး မေတ္တာထားပြီးတော့ ပြဿနာကို ဖြေရှင်းတတ်ကြပါတယ်။ ပြီးတော့ ဦး‌နှောက်နဲ့ နှလုံးသားကို ညီမျှအောင် သုံးပြီးတော့ ပတ်ဝန်းကျင်မှာတွေ့နေရတဲ့ အမှားအသေး အကြီး အားလုံးကို ပြန်ပြင်ဖို့ ကြိုးစားတတ်ကြပါတယ်။ ထောက်ခံရပ်တည်ပေးသူ တွေအနေနဲ့ သူများတွေကိုဘဲ ဂရုစိုက်ပေးပြီး အလုပ်ရှုပ်မနေဘဲ ကိုယ့်ကိုယ်ကိုလည်း အချိန်ပေးသင့်ပါတယ်။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
infj
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE