Logo of Wizzdo
Wizzdo Logo
Wizzdo

Entrepreneur (ESTP)

စွန့်စားသူ / စီးပွားရေးလုပ်ငန်းရှင်

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

စွန့်စားသူတွေက စူးစမ်းချင်စိတ်ပြင်းပြပြီးတော့ အပျော်ရှာတတ်တဲ့ Explorers အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ တော်ပြီး တက်ကြွတဲ့အပြင် တအားအမြော်အမြင်ကြီးတဲ့လူတွေဖြစ်ပြီး စွန့်စားရတာကို တကယ်ကြိုက်ပြီးတော့ ESTP ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ESTP တွေက

  • Extraverted လူအများနဲ့ နေရတာကြိုက်တယ်
  • Observant လက်ရှိမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို သတိထားတတ်တယ်
  • Thinking အချက်အလက်တွေကို အားထားတွေးတောတတ်ပြီးတော့
  • Prospecting အခြေအနေ အလားအလာကို ကြည့်ပြီး လုပ်ဆောင်တတ်ကြတယ်
သူတို့က ခွန်အားပြည့်ဝ တက်ကြွကြပြီးတော့ လက်တွေ့လုပ်ဆောင်တာကို ကြိုက်တဲ့ လူတွေဖြစ်ပါတယ်။ သူတို့က သူများတွေနဲ့ ရင်းနှီးအောင် ပေါင်းသင်းဆက်ဆံတာ၊ ဒါမှမဟုတ် ကိုယ်ပိုင်လမ်းကြောင်းကို လိုက်တာတွေ လုပ်ပြီး ဘဝမှာ အခွင့်အလမ်းတွေကို ရှာတွေ့တတ်ပါတယ်။
စွန့်စားသူတွေက သူတို့ပတ်ဝန်းကျင်ကလူတွေအပေါ်မှာ အကျိုးသက်ရောက်စေနိုင်ပါတယ်။ ပါတီပွဲမှာဆိုရင် သူတို့ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့နဲ့ လက်မလည်နိုင်အောင် ပြောဆိုနှုတ်ဆက်နေတာကို တွေ့ရနိုင်ပါတယ်။ သူများတွေကို ရယ်အောင် စတတ်နောက်တတ်တာ၊ ဖျော်ဖြေပေးနိုင်ပြီးတော့ လူတွေရဲ့ အာရုံစိုက်မှုရတာကို ကြိုက်တတ်ကြပါတယ်။ ပရိသတ်တွေထဲက တစ်ယောက်လောက် စင်မြင့်ပေါ်ကြွပေးပါဆိုပြီး ပြောတာကြားရင် သူတို့က ရှက်တတ်တဲ့သူငယ်ချင်းတွေအတွက် ကိုယ်စားသွားပေးတတ်ကြပါတယ်။
အကောင်အထည်ဖော်လို့မရတဲ့ ကမ္ဘာ့ပြဿနာတွေနဲ့ အဲ့ဒါရဲ့ အကျိုးသက်ရောက်မှုတွေ အကြောင်းကို ဆွေးနွေးပြောဆိုတာက စွန့်စားသူတွေကို အကြာကြီးစိတ်ဝင်စားအောင် မလုပ်နိုင်ပါဘူး။ သူတို့က ဦးနှောက်သုံးပြီးပြောရတာကို ကြိုက်ပေမယ့် ဖြစ်နိုင်တဲ့၊ ခုထသွားပြီး လုပ်ဆောင်လို့ရတဲ့ ကိစ္စတွေကိုပြောရတာ ပိုကြိုက်ကြပါတယ်။ သူတို့က ထိုင်ပြီး ကြိုတင်အစီအစဉ်ချပြင်မနေဘဲ ချက်ချင်းထလုပ်တတ်ကြပြီး၊ လုပ်နေရင်းနဲ့ဘဲ အမှားတွေကို ပြင်သွားတတ်ကြပါတယ်။

ထက်သန်ပြင်းပြမှု အပြည့်နဲ့ ချက်ချင်းစလုပ်ခြင်း

စွန့်စားသူတွေက ဘာမှာမဆို စွန့်စားတတ်တဲ့ အပြုအမူလေးတွေ ရှိပါတယ်။ လက်ရှိအချိန်မှာဘဲနေပြီးတော့ ချက်ချင်းထလုပ်ဆောင်တတ်ပါတယ်။ သူတို့က စိတ်လှုပ်ရှားမှု၊ ဒရာမာ၊ စိတ်အားထက်သန်မှု၊ ပျော်ရွှင်မှုတွေကို ကြိုက်ကြပါတယ်။ အဲ့ဒါတွေက သူတို့ကို အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်စေဖို့ တွန်းအားပေးကြလို့ပါ။ တွေးခေါ်ချင့်ချိန်မှုတွေ လိုအပ်တဲ့ပြဿနာမှာဆိုရင် အချက်အလက်တွေ၊ လက်ရှိအခြေအနေတွေ ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတတ်ပါတယ်။
ကျောင်းတွေ၊ စနစ်တကျ ဖွဲ့စည်းထားတဲ့ ပတ်ဝန်းကျင်တွေက စွန့်စားသူတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ သူတို့က ဉာဏ်မကောင်းလို့ မဟုတ်ပါဘူး။ သူတို့က ကောင်းကောင်းလေးလုပ်နိုင်ကြပါတယ်။ ဒါပေမယ့် စည်းကမ်းတင်းကျပ်ပြီး ပုံစံသွင်းတဲ့ သင်ကြားမှုပုံစံ၊ သင်ပေးတဲ့ ဘာသာရပ်တွေကို သူတို့မကြိုက်ပါဘူး။ သူတို့က လက်တွေ့သင်ယူအသုံးချလို့ရတဲ့ ဘာသာရပ်တွေကို ပိုပြီးသင်ယူချင်ကြပါတယ်။ ဒါပေမယ့် ကျောင်းစာတွေကလည်း အဆုံးသတ်မှာ အရေးကြီးပြီးတော့ အခွင့်အလမ်းတွေ သယ်ဆောင်ပေးလာနိုင်တယ်ဆိုတာကို သိလာဖို့ သူတို့ရင့်ကျက်လာဖို့ လိုပါတယ်။
နောက်ပြဿနာတစ်ခုက စွန့်စားသူတွေက သူများတွေပြောတာထက် ကိုယ်ပိုင်အသိစိတ်ကိုဘဲ ပိုသုံးတတ်ကြပါတယ်။ သူတို့က သတ်မှတ်ချက် စည်းကမ်းတွေဆိုတာ ချိုး‌ဖောက်ပစ်ရမယ့် အရာတွေ ဖြစ်တယ်ဆိုပြီး တွေးတတ်ကြပါသေးတယ်။ ဒါကြောင့်မို့ သူတို့က အထက်တန်းကျောင်းဆရာတွေ၊ မန်နေဂျာတွေရဲ့ အမြင်မှာ စည်းကမ်းချိုးဖောက်သူတွေ ဖြစ်နေတတ်ပါတယ်။ အကယ်၍ စွန့်စားသူတွေသာ ပြဿနာတအားမရှာဘဲ သူတို့ရဲ့ ခွန်အားတွေကို အကျိုးရှိတဲ့နေရာမှာ အသုံးချပြီး ပျင်းစရာကောင်းတဲ့ ကိစ္စတွေကိုလည်း အရုံစိုက်နိုင်ရင် သူတို့က မျှော်မှန်းလို့ရတဲ့ လူတွေဖြစ်လာနိုင်ပါတယ်။

သူများတွေ သိပ်မသွားတဲ့ လမ်းကြောင်း

စွန့်စားသူတွေက တအားကို အကင်းပါးတတ်ကြတာကြောင့် ပြောင်းလဲမှုသေးသေးလေးတွေကိုလည်း သတိထားမိတတ်တဲ့ ထူးခြားတဲ့ စွမ်းရည်ရှိပါတယ်။ မျက်နှာအမူအရာ ပြောင်းသွားတာ၊ အင်္ကျီပုံစံအသစ် ဝတ်လာတာ၊ အကျင့်တစ်ခုကို ဖျက်ပစ်တာကအစ စွန့်စားသူတွေက သတိထားမိတတ်ကြပြီး သူတို့ဘာလို့ အဲ့လို လုပ်တာလဲဆိုပြီး သိချင်ကြပါတယ်။ ပြီးတော့ သူတို့သတိထားမိတာကို သုံးပြီး ဘာလို့ပြောင်းလဲလာတာလဲဆိုပြီး မေးတတ်ပါတယ်။ စွန့်စားသူတွေအနေနဲ့ လူတိုင်းက သူတို့ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်မပြောပြချင်ဘူးဆိုတာကို မှတ်ထားသင့်ပါတယ်။

တစ်ခါတစ်လေမှာ စွန့်စားသူတွေရဲ့ ချက်ချင်းသတိထားမိတတ်ပြီး လုပ်ဆောင်တတ်ခြင်းက အသုံးဝင်ပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အရေးပေါ်အခြေအနေတွေမှာ တအားကို လိုအပ်ပါတယ်။

အကယ်၍ စွန့်စားသူတွေက သတိလွတ်သွားရင် ဖြစ်နေတာကိုဘဲ တအားအာရုံစိုက်မိသွားပြီး ခံစားလွယ်တတ်တဲ့လူတွေရဲ့ ခံစားချက်တွေကို ထည့်မတွေးတော့ဘဲ ပြောတာလွန်သွားတာတို့၊ ကိုယ်ပိုင်လုံခြုံမှုအတွက် မေ့သွားတာတို့တွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ သူတို့က နိုင်လိုစိတ်ပြင်းထန်ပြီးတော့ ကိစ္စတွေကို ရှုပ်သွားအောင် လုပ်မိတတ်ပါတယ်။
စွန့်စားသူတွေက စိတ်အားထက်သန် ပြင်းပြမှု၊ ခွန်အား တက်ကြွမှု အပြည့်ရှိပြီးတော့ စဉ်းစားချင့်ချိန်တတ်ကြပါတယ်။ သူများတွေကို လှုံ့ဆော်နိုင်ပြီးတော့ လူတွေကို လက်ခံလာအောင် သိမ်းသွင်းစည်းရုံးနိုင်တာကြောင့် ခေါင်းဆောင်လေးတွေဖြစ်လာပါတယ်။ ပြီးတော့ တစ်ခြားလူတွေကိုလည်း လူတွေသိပ်မသွားတဲ့ လမ်းကြောင်းကနေသွားဖို့၊ ရောက်တဲ့နေရာတိုင်းမှာ တက်ကြွမှုရှိဖို့ကို ဆွဲဆောင်တတ်ပါတယ်။ ပြီးတော့ စွန့်စားသူတွေအနေနဲ့ ကိုယ့်ရဲ့ ဦးဆောင်နိုင်မှုစွမ်းရည်ကို ကောင်းကောင်းအသုံးချနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
estp
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE