Logo of Wizzdo
Wizzdo Logo
Wizzdo

Executive (ESTJ)

စီမံခန့်ခွဲသူ / အုပ်ချုပ်ရေးမှူး

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

စီမံခန့်ခွဲသူတွေက အလုပ်ကြိုးစားတာဝန်ကျေပွန်တဲ့ Sentinel အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ သူတို့က အုပ်ချုပ်ရေးမှာ တအားတော်တဲ့အပြင် လူတွေ၊ ပစ္စည်းတွေ၊ ကိစ္စတွေအားလုံးကို စီမံတာပြိုင်ဘက်ကင်းကြပြီးတော့ ESTJ ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ESTJ တွေက

  • Extraverted လူအများနဲ့ နေရတာကြိုက်တယ်
  • Observant လက်ရှိမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို သတိထားတတ်တယ်
  • Thinking အချက်အလက်တွေကို အားထားတွေးတောတတ်ပြီးတော့
  • Judging ချင့်ချိန်ပြီး ကြိုတင်စီမံတတ်တယ်
စီမံခန့်ခွဲသူတွေက ခံနိုင်ရည်ရှိကြပြီးတော့ သူတို့သင့်တော်တယ်လို့ထင်တဲ့ ကိစ္စနောက်ကို လိုက်တတ်ကြပါတယ်။ သူတို့က ပြဿနာတွေဖြစ်လာတဲ့အချိန်မှာ လူတွေကို တည်ငြိမ်စေပြီး‌တော့ ဘာလို့ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း ညွှန်ကြားပေးနိုင်ပါတယ်။
စီမံခန့်ခွဲသူတွေက အစဉ်အလာ၊ အစီအစဉ်တွေကို ကိုယ်စားပြုထားတဲ့လူတွေ ဖြစ်ပါတယ်။ ဘာကမှန်လဲ၊ ဘာကမှားလဲဆိုတာကို နားလည်တတ်ကြပြီးတော့ မိသားစုတွေ၊ အဖွဲ့အစည်းတွေကို စည်းလုံးညီညွတ်စွာနဲ့ အတူနေထိုင်ဖို့ စွမ်းဆောင်နိုင်ကြပါတယ်။ သူတို့က ရိုးသားမှု၊ ကြိုးစားအားထုတ်မှုနဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားကြပါတယ်။
တစ်ခြားလူတွေကလည်း သူတို့ပေးတဲ့ ရှင်းလင်းတဲ့ အကြံဉာဏ်၊ လမ်းညွှန်မှုအတိုင်း လိုက်လုပ်ကြပြီးတော့ ခက်ခဲတဲ့အခြေအနေမှာ စီမံခန့်ခွဲသူတွေက ရှေ့ဆက်ဘယ်လို လျှောက်လှမ်းရမလဲဆိုတာကို ဦးဆောင်ပေးပါတယ်။ လူတွေကို စုရုံးနိုင်ကြတာကြောင့် စီမံခန့်ခွဲသူတွေက များသောအားဖြင့် အဖွဲ့အစည်းဖွဲ့စည်းသူရာထူးမှာရှိနေတတ်ကြပြီးတော့ ဒေသတွင်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပရင်လည်း အားလံုးပါဝင်လာအောင် ကြိုးစားတတ်ကြပါတယ်။ ပြီးတော့ မိသားစုတွေ၊ လူ့အဖွဲ့အစည်းတွေကို ထိန်းပေးထားတဲ့ ရိုးရာအစဉ်အလာကိုလည်း ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းကာကွယ်ထားကြပါတယ်။

စံနမူနာကောင်းပြပြီး ဦးဆောင်ခြင်း

အဖွဲ့ဝင်တွေသဘောကျ ဦးဆောင်ကြတဲ့ အဖွဲ့အစည်း အသိုင်းအဝိုင်းမှာဆို စံနမူနာကောင်းပြပြီး ဦးဆောင်မှုမျိုးကို ပိုလိုချင်ကြပါတယ်။ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားအားလုံးထဲက 11% လောက်ဘဲရှိပြီးတော့ အမေရိကန်သမ္မတ အများစုက ESTJ ကိုယ်ရည်ကိုယ်သွေး ပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။ ဉပဒေ၊ အာဏာနဲ့ စည်းမျဉ်းစည်းကမ်းတွေက ရှိသင့်တယ်လို့ ယုံကြည်ထားကြပါတယ်။ ပြီးတော့ ကိစ္စတိုင်း အထူးသဖြင့် အလုပ်မှာဆိုရင် ကြိုးစားအားထုတ်မှု၊ ရိုးသားမှုကို ဖော်ပြတတ်ပြီး အချောင်ခိုတာ၊ ပျင်းတာတွေကို တအားမုန်းကြပါတယ်။ တစ်ယောက်ယောက်က ကောင်းမွန်တဲ့ ဂုဏ်သတင်းကို တည်ဆောက်နိုင်ဖို့ အလုပ်ကြိုးစားပြီးတော့ ကာယအားစိုက်ထုတ်နေကြရင် အဲ့လူက စီမံခန့်ခွဲသူတွေဘဲ ဖြစ်မှာပါ။
စီမံခန့်ခွဲသူတွေက ပတ်ဝန်းကျင်ကို သတိထားတတ်ပြီးတော့ သက်သေပြလို့ရတဲ့ ရှင်းလင်းပြတ်သားတဲ့ အချက်အလက်တွေနဲ့ ရှင်သန်နေကြပါတယ်။ သူတို့ရဲ့ အသိပညာက မှန်ကန်သေချာတယ်လို့ လက်ခံထားရင် ဘယ်လိုကြီးမားတဲ့ ဆန့်ကျင်မှုတွေကြုံကြုံ သူတို့ရဲ့ ယုံကြည်ချက်ကိုဘဲ လက်ကိုင်ထားပြီးတော့ ဘာကိုတော့ လက်ခံပေးနိုင်တယ်၊ ဘာကိုတော့ လက်မခံနိုင်ဘူးဆိုပြီး ရှင်းရှင်းလင်းလင်း ပြောတတ်ကြပါတယ်။ သူတို့ရဲ့ အမြင်က လေထဲကအပြောဘဲမဟုတ်ပါဘူး။ လက်တွေ့လုပ်ဆောင်ဖို့ အစီအစဉ်တွေချပြီး ကြုံရနိုင်တဲ့ ကိစ္စအသေးစိပ်ကိုပါ ထည့်သွင်းနိုင်တာကြောင့် စိန်ခေါ်မှုများတဲ့ စီမံကိန်းတွေ၊ ရှုပ်ထွေးတဲ့ အလုပ်တွေကိုတောင် တစ်ခြားလူတွေက လွယ်ကူပြီးတော့ လုပ်ဆောင်နိုင်တယ်လို့ မြင်လာအောင် လုပ်နိုင်စွမ်းရှိပါတယ်။
စီမံခန့်ခွဲသူတွေက တစ်ယောက်တည်းမလုပ်ဆောင်ကြပါဘူး။ တစ်ခြားလူတွေကိုလည်း သူတို့လိုမျိုး တာဝန်ယူမှုရှိပြီးတော့ အားကိုးလို့ရဖို့ မျှော်လင့်တတ်ကြပါတယ်။ တကယ်လို့ စီမံခန့်ခွဲသူတွေက သူတို့တာဝန်ယူထားတဲ့ အပိုင်းကို ပြီးသွားတဲ့ အချိန်မှာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်၊ တွဲဖက်တွေက အပျင်းကြီးတာ၊ မရိုးမသား အချောင်ခိုတာတွေကြောင့် အလုပ်တွေမပြီးသေးရင် သူတို့သွားရန်ရှာဖို့ ဝန်မလေးပါဘူး။ ဒါကြောင့် သူတို့က အခြေအနေအလိုက် လိုက်လျောနိုင်မှုမရှိဘူးဆိုပြီး အပြောခံရတတ်ပါတယ်။ ဒါပေမယ့်လည်း သူတို့က အစွန်းရောက် ခေါင်းမာနေတာမျိုးတော့ မဟုတ်ပါဘူး၊ အဖွဲ့အစည်းတွေမှာ အလုပ်ဖြစ်ဖို့ဆို ကိုယ့်အပိုင်းကို ပြီးအောင်တာဝန်ယူမှုရှိရမယ်လို့ ယုံကြည်ထားကြတာကြောင့်ပါ။

ကြီးမားသော တာဝန်ခံမှု

စီမံခန့်ခွဲသူတွေက စံနမူနာပြ နိုင်ငံသားတွေဖြစ်ကြပါတယ်။ သူတို့ရဲ့ အိမ်နီးချင်းတွေကို ကူညီတယ်၊ ဉပဒေကို လိုက်နာတယ်၊ ပြီးတော့ လူတိုင်း အဖွဲ့အစည်း၊ အသင်းအဖွဲ့တွေမှာ ပါလာအောင် ကြိုးစားကြပါတယ်။

စီမံခန့်ခွဲသူတွေအနေနဲ့ လူတိုင်းက သူတို့လို လမ်းကြောင်းမလိုက်ကြသလို သူတို့လို ပါဝင်မလုပ်ဆောင်ကြဘူးဆိုတာကို သတိမပြုနိုင်ကြပါဘူး။ စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာ တစ်ယောက်ချင်းစီ၊ တစ်ဖွဲ့ချင်းစီရဲ့ အားသာချက်တွေကို သိရှိပြီး သူတို့ကို ဘယ်နေရာမှာ အသုံးချမလဲ သိရမှာပါ။ အဲ့လိုဆိုရင်တော့ စီမံခန့်ခွဲသူတွေမှာ ခေါင်းဆောင်ဖြစ်ဖို့ အရည်အချင်းအားလုံးရှိပြီးတော့ လူတိုင်းအတွက် အလုပ်ဖြစ်တဲ့ လမ်းကြောင်းနဲ့ ဦးဆောင်နိုင်ကြမှာပါ။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
estj
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE