Logo of Wizzdo
Wizzdo Logo
Wizzdo

Entertainer (ESFP)

မြူးကြွပျော်ရွှင်စေသူ / ဖျော်ဖြေရေးသမား

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

မြူးကြွပျော်ရွှင်စေသူတွေက စူးစမ်းချင်စိတ်ပြင်းပြပြီးတော့ အပျော်ရှာတတ်တဲ့ Explorers အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ သူတို့အနားမှာရှိရင် လုံးဝမပျင်းရအောင် စိတ်အားတက်ကြွထက်သန်ကြတယ်။ အခြေအနေကို ကြည့်ပြီး ဘာမှကြိုမစီစဉ်ထားဘဲလည်း ကောက်ခနဲ လုပ်တတ်တဲ့ မြူးကြွပျော်ရွှင်စေသူတွေက ESFP ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ESFP တွေက

  • Extraverted လူအများနဲ့ နေရတာကြိုက်တယ်
  • Observant လက်ရှိမှာ ဖြစ်ပျက်ပြောင်းလဲနေတာကို သတိထားတတ်တယ်
  • Feeling ခံစားချက်နောက်လိုက်တတ်ပြီးတော့
  • Prospecting အခြေအနေ အလားအလာကို ကြည့်ပြီး လုပ်ဆောင်တတ်ကြတယ်
မြူးကြွပျော်ရွှင်စေသူတွေက အရောင်အသွေး စုံလင်ပြီးတော့ အသက်ဝင်တဲ့ အတွေ့အကြုံတွေကို ကြိုက်ကြပါတယ်။ ဘဝကို စိတ်အားထက်သန်မှုအပြည့်နဲ့ ဖြတ်သန်းကြပြီးတော့ မသိရသေးတဲ့ ကိစ္စတွေကို အဖြေရှာဖွေရတာ ကြိုက်ကြပါတယ်။ သူတို့က တအားကို ဖော်ရွေပျူငှာကြပြီးတော့ တခြားသူတွေကိုလည်း လှုပ်ရှားမှုတွေမှာ အတူတူ ပါဝင်လာအောင် အားပေးတတ်ကြပါတယ်။
တစ်ယောက်ယောက်က ရုတ်တရက် သီချင်းထဆိုပြီး ထကကြရင် အဲ့လူက မြူးကြွပျော်ရွှင်စေသူတွေဘဲ ဖြစ်ကြပါလိမ့်မယ်။ သူတို့က အဲ့လိုအချိန်တွေမှာ ခံစားရတဲ့ စိတ်လှုပ်ရှားမှုကို ကြိုက်ပြီးတော့ သူများတွေကိုလည်း အဲ့ဒီစိတ်လှုပ်ရှားပျော်ရွှင်မှုကို ခံစားစေချင်ကြပါတယ်။ မြူးကြွပျော်ရွှင်စေသူတွေက သူတို့ရဲ့ အချိန်တွေ၊ ခွန်အားတွေကို ရက်ရက်ရောရော သုံးပြီး သူများတွေကို အတူတူ လာပျော်ဖို့အားပေးတိုက်တွန်းတတ်ကြပါတယ်။ ပြီးတော့ သူတို့လာပြောတဲ့ ပုံစံကလည်း လုံးဝငြင်းရက်စရာမရှိပါဘူး။

စိတ်ထက်သန်တက်ကြွမှုနှင့် နေထိုင်ခြင်း

မြူးကြွပျော်ရွှင်စေသူတွေက လူတွေနဲ့ အာရုံစိုက်ခံရတာကြိုက်ပြီးတော့ ကမ္ဘာကြီးက သူတို့ရဲ့ စင်မြင့်ဇာတ်ခုံတစ်ခုလိုပါဘဲ။ နာမည်ကြီးတဲ့ ESFP အများစုကလည်း တကယ့်သရုပ်ဆောင်တွေဖြစ်ပါတယ်။ သူတို့က သူငယ်ချင်းတွေကိုလည်း ဖျော်ဖြေမှုအပြည့်ပေးတတ်ပြီးတော့ လူတွေရဲ့ အာရုံတွေ သူတို့ဆီရောက်လာအောင် ထူးထူးခြားခြား စိတ်ဝင်စားစရာတွေကို ပြောတတ်ပါတယ်။ အပြင်သွားတဲ့ အချိန်တိုင်းကို ပါတီပွဲလုပ်သလိုခံစားရအောင်လည်း စွမ်းဆောင်နိုင်ကြပါတယ်။ မြူးကြွပျော်ရွှင်စေသူတွေက ရိုးရှင်းတဲ့ အသေးအဖွဲကိစ္စတွေမှာလည်း ပျော်တတ်ကြပါတယ်။ ဖော်ရွေပြီးတော့ အပေါင်းအသင်းမင်ကြတာကြောင့် သူတို့က သူငယ်ချင်းအုပ်စုလိုက် အတူတူ ပျော်ရတာကို တအားကြိုက်ကြပါတယ်။
သူတို့က အပြောဘဲကောင်းတာ မဟုတ်ပါဘူး။ အလှရသကိုလည်း တအားခံစားတတ်ပါတယ်။ သူတို့မှာ ဖက်ရှင်အမြင်ရှိပြီးတော့ ဖြီးလိမ်းဝတ်စားဆင်ယင်ပုံက စပြီး အိမ်အလှဆင်တာအထိ ဘယ်လိုမျိုးဆို ပိုကြည့်ကောင်းမလဲဆိုတာကို မြင်တတ်ကြပါတယ်။ ကြည့်လိုက်တာနဲ့ ဘယ်လိုဆို ဆွဲဆောင်မှုရှိမလဲ ဆိုတာကို သိကြတော့ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ပြန်ပြောင်းဖို့လည်း ဝန်မလေးကြပါဘူး။ သူတို့ရဲ့ ပင်ကို သဘာဝကိုက စူးစမ်းချင်စိတ်တွေရှိပြီးတော့ ပုံစံအသစ်၊ ဒီဇိုင်းအသစ်တွေကို လွယ်လွယ်ကူကူလေးဘဲ လေ့လာဖော်ထုတ်တတ်ပါတယ်။
သူတို့က လက်ရှိမှာ ဖြစ်ပျက်နေတာကို မြင်တတ်ပြီးတော့ သူများတွေရဲ့ ခံစားချက်တွေကို သိနားလည်နိုင်ကြပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ပြဿနာလေးတွေ ကြုံနေရင် အရင်ဆုံးသိကြပြီးတော့ စိတ်ပိုင်းဆိုင်ရာအားပေးမှု၊ လက်တွေ့ကျတဲ့ အကြံဉာဏ်လေးတွေကို ပေးတတ်ပါတယ်။ ဒါပေမယ့် ပြဿနာက သူတို့ကြောင့် ဖြစ်နေတာဆိုရင်တော့ ခေါင်းချင်းဆိုင်ပြောတာထက် အဲ့အငြင်းပွားမှုကို လုံးဝကြီး ရှောင်သွားတတ်ကြပါတယ်။ မြူးကြွပျော်ရွှင်စေသူတွေက မမျှော်လင့်ထားတဲ့ ဒရာမာနည်းနည်းကို ကြိုက်ပေမယ့် ဝေဖန်ခံရတာကိုတော့ သိပ်မခံနိုင်ကြပါဘူး။

အစီအစဉ်မရှိဘဲ ရုတ်တရက်လုပ်တတ်ခြင်း

မြူးကြွပျော်ရွှင်စေသူတွေ ချက်ချင်းလက်ငင်းပျော်ရွှင်မှုတွေကို အရမ်းအာရုံစိုက်ကြတော့ ရေရှည်မှာပျော်ရွှင်ဖို့ လုပ်ရမယ့် တာဝန်တွေ၊ လုပ်ငန်းဆောင်တာတွေကို လျစ်လျှူရှုမိတတ်ကြပါတယ်။ ရှုပ်ထွေးတဲ့ ခွဲခြမ်းစိတ်ဖြာမှု၊ ထပ်ခါတလဲလဲ လုပ်ရတဲ့တာဝန်၊ စာရင်းအင်းတွေကိုသုံးပြီး ဖြစ်လာနိုင်တာကို ကြိုခန့်မှန်းရတာမျိုးက မြူးကြွပျော်ရွှင်စေသူတွေအတွက် မလွယ်ပါဘူး။ အဲ့လို ကိစ္စတွေမှာဆို သူငယ်ချင်းတွေကို မေးလိုက်တာ၊ ကံအပေါ်ဘဲ အားထားလိုက်တာတွေ လုပ်တတ်ပါတယ်။ မြူးကြွပျော်ရွှင်စေသူတွေအနေနဲ့ အငြိမ်းစားယူရင်ဘယ်လိုလုပ်မလဲ၊ သကြားစားသုံးမှု ဘယ်လောက်‌လောက်ရှိနေလဲ စတဲ့ ရေရှည်ကိစ္စတွေကို မှတ်ထားဖို့ ကိုယ့်ကိုယ်ကို စိန်ခေါ်သင့်ပါတယ်။ ဘာလို့ဆို ဒီလိုကိစ္စတွေမှာ ကိုယ့်အတွက် စောင့်ကြည့်ပေးဖို့ ဘယ်သူ့ကိုမှ အကူအညီတောင်းလို့မရပါဘူး၊ ကိုယ်တိုင်လုပ်မှ ရမှာပါ။
မြူးကြွပျော်ရွှင်စေသူတွေက သူတို့ရဲ့ တန်ဖိုး၊ အရည်အချင်းတွေကို ကောင်းကောင်းသိကြပါတယ်။ အဲ့ဒါတွေကို သိပြီးတော့ ကောင်းကောင်းလေး အစီအစဉ်မဆွဲနိုင်ဘူးဆိုရင်တော့ ဖြစ်သင့်သလောက်မဖြစ်ထွန်းတာမျိုး ငွေကြေးဆုံးရှုံးတာမျိုး ဖြစ်တတ်ပါတယ်။ ရေရှည်ပန်းတိုင်တွေအတွက် ကြိုတင်စီစဉ်မှုမရှိဘဲ အခွင့်အရေးတွေဆီကို ကျော်ခွသွားဖို့ဘဲ တွေးနေတာက ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ မြူးကြွပျော်ရွှင်စေသူကိုယ်တိုင်ကလည်း သူတို့ရဲ့ စိတ်မပါ၊ ဂရုမစိုက်မှုကြောင့် အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးသွားရတာကို မြင်ကြပါလိမ့်မယ်။

မြူးကြွပျော်ရွှင်စေသူတွေက အခြေအနေကြောင့် ခြေချုပ်မိနေတာ၊ သူငယ်ချင်းတွေနဲ့ အတူတူ မပျော်နိုင်တာမျိုးဆို တအားကို စိတ်ညစ်တတ်ကြပါတယ်။

လူတွေကို ရယ်မောစေအောင်၊ ပျော်မြူးစေအောင်၊ ပျော်စရာအသစ်တစ်ခုခုကို စမ်းကြည့်ဖို့ဆို လူတွေက မြူးကြွပျော်ရွှင်စေသူတွေကို သတိရတတ်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း လူတွေကို ပျော်မြူးရအောင် လုပ်ပေးရတာကို တအားကျေနပ်ကြပါတယ်။ မြူးကြွပျော်ရွှင်စေသူတွေက သူတို့ပြောချင်တဲ့ အကြောင်းတွေ၊ သူတို့ချစ်ရတဲ့လူတွေရဲ့ နိမ့်ချည်မြင့်ချည် ဘဝဇာတ်ကြောင်းတွေအကြောင်းကို နာရီနဲ့ချီပြီး ပြောနိုင်ကြပါတယ်။ အကယ်၍ မြူးကြွပျော်ရွှင်စေသူတွေသာ လုပ်ရမယ့်ကိစ္စတွေကို ကြိုတင်စီမံနိုင်ကြရင် လောကကြီးမှာ စိတ်ဝင်စားစရာကိစ္စအသစ်တွေ အများကြီးကိုလုပ်ဆောင်နိုင်လိမ့်မယ်။ သူငယ်ချင်းတွေကလည်း ကိုယ့်ဦး‌ဆောင်မှုနောက် လိုက်ကြပါလိမ့်မယ်။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
esfp
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE