Logo of Wizzdo
Wizzdo Logo
Wizzdo

Debater (ENTP)

ဆွေးနွေးငြင်းခုံသူ / စကားရည်လုသမား

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

ဆွေးနွေးငြင်းခုံသူ တွေက ခွဲဖြာဆန်းစစ်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ Analyst အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ သူတို့က အတွေးနယ်ချဲ့စရာကိစ္စတွေကိုဆို မတွေးဘဲမနေနိုင်တဲ့ စူးစမ်း‌တွေးခေါ်သူတွေဖြစ်ပြီး ENTP ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ENTP တွေက

  • Extraverted လူအများနဲ့ နေရတာကြိုက်တယ်
  • Intuitive ဗီဇစိတ်နဲ့ အလိုလိုသိတတ်တယ်
  • Thinking အချက်အလက်တွေကို အားထားတွေးတောတတ်ပြီးတော့
  • Prospecting အခြေအနေ အလားအလာကို ကြည့်ပြီး လုပ်ဆောင်တတ်ကြတယ်။
ရဲရင့်တယ်၊ ဖန်တီးဉာဏ်ရှိတယ်၊ သွက်လက်ချက်ချာတယ်။ ရှိပြီးသား သဘောတရားတွေကို ခွဲဖြာသုံးသပ်ပြီးတော့ ပိုကောင်းအောင် ကြိုးစားကြတယ်။ ကြုံလာသမျှ အတားအဆီးတွေကို ကျော်ဖြတ်ပြီးတော့ ပန်းတိုင်ကို မရောက်အရောက်သွားတတ်ကြတယ်။
ဖြတ်ထိုးဉာဏ်ကောင်းပြီး ရဲတင်းတော့ လူအများက အမှန်လို့ လက်ခံထားတဲ့ အကြောင်းအရာတွေကိုလည်း ဆန့်ကျင်ရဲတယ်။ လက်မခံနိုင်တာကို သဘောမတူဘူးလို့ ပြောဖို့ မကြောက်ကြဘူး။ သူတို့က စကားနိုင်လုရတာကို သဘောကျကြတယ်။
ဒါပေမယ့် သူတို့က အကုန်လုံးကို လက်မခံဘဲ ငြင်းနေကြတာတော့မဟုတ်ပါဘူး။ သူတို့က ဉာဏ်ပညာနဲ့ ပြည့်စုံပြီးတော့ ပညာလိုချင်စိတ် သိချင်စိတ် စူးစမ်းချင်စိတ်တွေ ပြင်းထန်ကြတယ်။ ဟာသဉာဏ်လည်းရွှင်တော့ သူတို့ဘေးမှာနေရင် လုံးဝမပျင်းရပါဘူး။ သူများတွေနဲ့ မတူတဲ့ အတွေးအမြင်တွေ ရှိတော့ သူတို့ စကားအချေအတင်ပြောနေတာက တော်တော် အသက်ဝင်ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။

သတ်မှတ်ချက်တွေကို ဆန့်ကျင်ဖီဆန်ခြင်း

ဆွေးနွေးငြင်းခုံသူတွေက အရာရာကို ဆန့်ကျင်တတ်တယ်ဆိုပြီး နာမည်ကြီးနေတတ်ပါတယ်။ အများစုက ယုံကြည်လက်ခံထားတာတွေကိုလည်း မေးခွန်းထုတ်တတ်ကြပြီးတော့၊ မှန်ကန်ပြီးသားလို့လက်ခံထားကြတဲ့ အခြေခံသဘောတရားတွေကိုလည်း စစ်ဆေးချင်ကြတယ်။ ပြီးတော့ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းတွေကိုလည်းဘဲ အကြောင်းပြချက် ခိုင်လုံမှုမရှိရင် ချိုးဖောက်ဖို့ ဝန်မလေးကြပါဘူး။ တစ်ခါတစ်လေမှာ သူများတွေရဲ့ ‌အမြင်ကနေကြည့်ရင် ဘယ်လိုဖြစ်မလဲဆိုတာသိချင်ကြတော့ သူတို့ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ကိုတောင် ဆန့်ကျင်ဘက် အမြင်ကနေပြီး ကိုယ့်ကိုယ်ကို ‌ပြန်ထောက်ပြနေတတ်ကြတယ်။
လူအများစုကတော့ ပတ်ဝန်းကျင်ရဲ့ စံသတ်မှတ်ချက်တွေ၊ ဖိအားတွေ၊ ထုံးတမ်းတွေကို ဘာမှ မသုံးသပ်ဘဲ မျက်စိမှိတ်နားပိတ် လိုက်နာတတ်ကြတယ်။ ဒါပေမယ့် ဆွေးနွေးငြင်းခုံသူ တွေကတော့ ရှိပြီးသား လူမှုသတ်မှတ်ချက်တွေကို မေးခွန်းထုတ်ရတာကြိုက်ပြီးတော့ သူများတွေ ဖယ်ချန်ပထုတ်ထားတဲ့ ကိစ္စတွေရဲ့ တန်ဖိုးတွေကို ဖော်ထုတ်ရတာကို ပျော်နေတတ်ပါတယ်။ သူတို့ရဲ့ စိတ်ကိုက အများစုက ဒီတိုင်းအမှန်လို့ လက်ခံထားကြတဲ့ ကိစ္စရပ်တွေကို ပြန်မသုံးသပ်ဘဲ မနေနိုင်ကြတော့ လမ်းကြောင်းအသစ်ဆီကို‌ ရောက်သွားတတ်ကြပါတယ်။

ဆွေးနွေးငြင်းခုံသူ တွေအတွက် ခက်ခဲတဲ့စိန်ခေါ်မှုကတော့ လက်တွေ့လောကမှာ အောင်မြင်မှုရအောင် သူများတွေကို အကျိုးရှိစေအောင် သူတို့ရဲ့ထက်မြက်တဲ့ဉာဏ်ရည်ကို ကောင်းကောင်းအသုံးမချတတ်တာ ဖြစ်ပါတယ်။

သူတို့က ပြဿနာဖြေရှင်းဖို့ အဖြေရှာကြပြီး အကြီးကြီး တွေးကြတယ်။ ဒါပေမယ့် အဲ့ဒီအတွေးတွေကို အကောင်အထည်ဖော်ဖို့ သူများတွေရဲ့ လုပ်ရိုးလုပ်စဉ်ကို လိုက်ရမှာကို မကြိုက်ကြပါဘူး။ သူတို့မှာ အကြံကောင်းတွေ အများကြီးရှိကြတယ်။ ဒါပေမယ့် အဲ့ဒါတွေကို အကုန်တစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်တော့ အရေးကြီးတဲ့ အရာတွေကို ဦးစားပေးမလုပ်တတ်ရင်တော့ ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတာမျိုးဖြစ်သွားတတ်ပါတယ်။

ထော်လော်ကန့်လန့်လုပ်တဲ့ အကျိုးဆက်

ဆွေးနွေးငြင်းခုံသူ တွေရဲ့ ငြင်းခုံဆွေးနွေးနိုင်စွမ်းကတော့ စံချိန်တင်လောက်ပါတယ်။ ဒါပေမယ့် အဲ့ဒါက အမြဲတော့ အကူအညီမဖြစ်ပါဘူး။ အစည်းအဝေးခန်းမမှာ သူများပြောတာတွေကို မေးခွန်းထုတ်‌လိုက်တာ ထောက်ပြလိုက်တာတွေက ကိုယ့်ကိုယ်ကိုတော့ အကျိုးသင့် အကြောင်းသင့်ရှိတယ်လို့ ထင်ပေမယ့် ကိုယ့်ရဲ့ အောင်မြင်မှု‌၊ ပျော်ရွှင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။
လူအများစုက သူတို့ရဲ့ ယုံကြည်ချက်တွေကို မေးခွန်းထုတ်ခံရတာ၊ ခံစားချက်က အရေးမကြီးသလို အပြောခံရတာ သည်းမခံနိုင်ကြပါဘူး။ ဒါကြောင့် ဆွေးနွေးငြင်းခုံသူတွေရဲ့ အမှုမဲ့အမှတ်မဲ့ ထောက်ပြချက်တွေ၊ ဟာသတွေက ဆက်ဆံရေးအများကြီးကို ပြတ်တောက်သွားစေပါတယ်။
ဆွေးနွေးငြင်းခုံသူ တွေက သူတို့ရဲ့ အမြော်အမြင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ဗဟုသုတ၊ ဟာသဉာဏ်တွေကြောင့် လေးစားအားကျခံရနိုင်ပေမယ့် သူများတွေကို စာနာပေးဖို့ မကြိုးစားရင်တော့ ဆက်ဆံရေးကို ရေရှည် ထိန်းထားဖို့၊ အောင်မြင်မှုပန်းတိုင်ရောက်ဖို့ ခက်ခဲနိုင်ပါတယ်။

သူများတွေကို ညှာတာအလျှော့ပေးလိုက်ရင် ဆက်ဆံရေးကောင်းတွေကို ရေရှည်ထိန်းသွားနိုင်တယ်ဆိုတာ သိလာအောင် ကြိုးစားသင့်ပါတယ်။

ဆွေးနွေးငြင်းခုံသူ တွေအနေနဲ့ သူတို့ရဲ့ လိုရာပန်းတိုင်ရောက်ဖို့ တခြားလူတွေရဲ့ အားပေးထောက်ခံမှုလိုတဲ့အကြောင်း၊ သူများတွေကို အပြစ်ရှာ ထောက်ပြတာ၊ စကားအနိုင်လုတာက မိတ်ဆွေတွေကို ဆုံးရှုံးစေနိုင်တဲ့ အကြောင်း တဖြည်းဖြည်းနဲ့ သိရှိသွားကြမှာပါ။ သူတို့ရဲ့ အဖက်ဖက်က တွေးတတ်တဲ့ အကျင့်ကြောင့် သူများတွေရဲ့ အမြင်ကိုလည်း နားလည်နိုင်ကြပါတယ်။ ပြီးတော့ ကောင်းတာတစ်ခုက သူတို့ရဲ့ လမ်းဟောင်းမလိုက်တတ်တဲ့ အကျင့်တော့ ‌ဘယ်တော့မှပျောက်သွားမှာ မဟုတ်လို့ ဆွေးနွေးငြင်းခုံသူ တွေဆီမှာ ဆန်းသစ်မှုကို အမြဲတွေ့ရမှာပါ။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
entp
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE