Logo of Wizzdo
Wizzdo Logo
Wizzdo

Commander (ENTJ)

ဦးဆောင်သူ / အရာရှိတပ်မှူး

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

Analyst တွေဖြစ်တဲ့ ခွဲဖြာဆန်းစစ်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ အုပ်စုလေးမျိုးထဲက တစ်မျိုးဖြစ်တယ်။ ဦးဆောင်သူတွေက ကိုယ့်ကိုယ်လမ်းဖောက်တတ်တဲ့ ရဲရင့်ပြတ်သားသူတွေဖြစ်ပြီး ENTJ ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားပါတယ်။

ENTJ တွေက

  • Extraverted လူအများနဲ့ နေရတာကြိုက်တယ်
  • Intuitive ဗီဇစိတ်နဲ့ အလိုလိုသိတတ်တယ်
  • Thinking အချက်အလက်တွေကို အားထားတွေးတောတတ်ပြီးတော့
  • Judging ချင့်ချိန်ပြီး ကြိုတင်စီမံတတ်တယ်
ဦးဆောင်သူတွေက အောင်မြင်ပြီးမြောက်တာတွေကို ကြိုက်တဲ့ ဆုံးဖြတ်ချက်ပြတ်သားတဲ့ လူတွေဖြစ်တယ်။ အချက်အလက်တွေ မြန်မြန် စုဆောင်းပြီး သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို အချိန်မဆွဲဘဲ အကောင်အထည်ဖော်တတ်ကြတယ်။
ဦးဆောင်သူတွေက မွေးကတည်းက ခေါင်းဆောင်မှုစွမ်းရည် ပါလာသလားလို့ ထင်ရလောက်အောင် သူတို့စကားကို နာခံချင်အောင် ပြောတတ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီးတော့ ဩဇာညောင်းကြတယ်။ သူတို့က သူတို့ပန်း‌တိုင်ရောက်ဖို့ စိတ်ဓာတ်ခွန်‌အား၊ ဇွဲ၊ ဉာဏ်တေွကို အစွမ်းကုန် သုံးတတ်ကြတယ်။ ဒါပေမယ့် ခံစားချက်တွေကို ထည့်မတွေးပေးဘဲ ဆင်ခြင်တုံတရားတွေ အချက်အလက်တွေကိုဘဲ ဉီးစားပေးတတ်တာကြောင့် အကြင်နာမဲ့တယ်လို့ အပြောခံရတတ်ပါတယ်။ လူအများစုက ခံစားလွယ်တတ်ကြပြီးတော့ ဦးနှောက်ကို ဦးစားပေးတဲ့ ဦးဆောင်သူက ကမ္ဘာပေါ်မှာ ၃ ရာခိုင်နှုန်းဘဲ ရှိပါတယ်။ ဒါပေမယ့် ဦးဆောင်သူတွေရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုတွေ လုပ်ဆောင်မှုတွေကြောင့်ဘဲ လူတွေကို အကျိုးပြုတဲ့ လုပ်ငန်းတွေ အဖွဲ့အစည်းတွေပေါ်လာကြတာပါ။

ဂုဏ်သတင်းကြီးအောင် ကြိုးစားခြင်း

ဦးဆောင်သူတွေက စိန်ခေါ်မှုတိုင်းကို ကြိုက်ကြတယ်။ သူတို့သာ လုံလောက်တဲ့ အချိန်နဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေရရင် ဘာကိုမဆို ဖြစ်မြောက်အောင်လုပ်နိုင်တယ်ဆိုပြီး ယုံကြည်ကြတယ်။ ဒါကြောင့်ဘဲ သူတို့တွေက ထက်မြက်တဲ့ စွန့်ဦးတီထွင်သူတွေဖြစ်လာကြတယ်။ သူတို့က ရေရှည်ကို ကြည့်တတ်ပြီးတော့ ဗျူဟာကျကျ တွေးတတ်တာတွေ၊ ဆုံးဖြတ်ပြီးရင် အလျှော့မပေးဘဲ ဖြစ်မြောက်အောင် လုပ်တတ်တာတွေ၊ တိကျပြတ်သားတာတွေကြောင့် အောင်မြင်တဲ့ စီးပွားရေးခေါင်းဆောင်တွေ ဖြစ်လာတတ်ကြပါတယ်။ သူများတွေ ဆက်မလုပ်နိုင်ဘဲ အလျှော့ပေးတတ်ကြတဲ့ ကိစ္စတွေမှာဆိုလည်း သူတို့က မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်လုပ်ကြတယ်။ သူတို့ရဲ့ အဖွဲ့သားတွေကိုလည်း စိတ်ဓာတ်ခွန်အား ပေးနိုင်ကြတယ်။ ဒါကြောင့်ဘဲ ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါတယ်။
စီးပွားရေးကိစ္စဖြစ်ဖြစ် ကားဝယ်တာဖြစ်ဖြစ် စတဲ့ ညှိနှိုင်းရတဲ့ ကိစ္စတိုင်းမှာ ဦးဆောင်သူတွေက သက်ညှာအလျှော့မပေးတတ်ပါဘူး။ သွေးအေးပြီး ရက်စက်တာတော့မဟုတ်ပေမယ့် သူတို့က စိန်ခေါ်မှုတွေ၊ တစ်ဘက်လူနဲ့ ခွန်းတုံ့ပြန်ရတာတွေကို ကြိုက်ကြလို့ပါ။ တစ်ခြားတစ်ဘက်က သူတို့ကို နိုင်အောင်မပြောနိုင်ရင်တော့ ဦးဆောင်သူတွေအနေနဲ့ သူတို့က သက်ညှာပြီး အလျှော့ပေးလိုက်မယ်ဆိုတာမျိုးမရှိပါဘူး။

လူတွေ ငါ့ကို အသည်းနှလုံးမရှိဘူးလို့ ပြောလည်းဂရုမစိုက်ဘူး။ အကျိုးရှိထိရောက်ရင်ရပြီ ဆိုတဲ့ အတွေးတွေရှိတတ်ကြပါတယ်။

ဦးဆောင်သူတွေက ပြတ်သားပြီး အရည်အချင်းရှိပြီးတော့ သူတို့နဲ့ ဉာဏ်ရည်ချင်းယှဉ်နိုင်တဲ့ လူတွေကိုဘဲ လေးစားတတ်ကြတယ်။ သူများတွေရဲ့ အရည်အချင်းတွေကို မြင်အောင်ကြည့်တတ်ပါတယ်။ ဒါကဘဲ သူများတွေအပေါ် တင်တင်စီးစီး မောက်မောက်မာမာ မဆက်ဆံအောင်ထိန်းပေးပါတယ်။ တစ်ယောက်ချင်းစီရ့ဲ အရည်အချင်းကို ကြည့်ပြီးတော့လည်း အုပ်စုဖွဲ့ပေးတတ်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်က အမှားလုပ်လိုက်မိတာနဲ့ အညှာအတာမဲ့ ပြောတတ်တာကြောင့် ပြဿနာတွေတက်တတ်ပါတယ်။

လုပ်ရတာတန်တဲ့ စိန်ခေါ်မှု

Analyst အုပ်စုလေးခုလုံးက ခံစားချက်တွေကို မထုတ်ဖော်တတ်ကြပါဘူး။ ဒါပေမယ့် ဦးဆောင်သူတွေက ခံစားချက်တွေကို ပိုပြီးသိမ်းထားကြတယ်။ တစ်ချို့လူတွေက မတော်ဘူး၊ ပျင်းကြတယ်လို့ မြင်ရင်တောင် စိတ်ထဲမှာဘဲ သိမ်းထားကြတယ်။ ခံစားချက်တွေ‌ ထုတ်ပြတာက ကိုယ့်ရဲ့ အားနည်းချက်တွေ ထုတ်ပြတာနဲ့ တူတယ်လို့ တွေးတတ်ကြတယ်။ ဒါကြောင့် အထင်လွဲခံရတတ်ပြီး ရန်သူတွေလည်း ပေါ်လာတတ်တယ်။ ပြီးတော့ သူနဲ့အတူတွဲလုပ်တဲ့ အဖွဲ့သားတွေက ပန်းတိုင်ရောက်ဖို့တင်မကဘဲ သူများတွေကိုယ့်ပေါ်မြင်တဲ့ အမြင်တွေအပေါ်မှာလည်း မူတည်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ခဏခဏ သတိပေးတတ်ပါတယ်။
ဦးဆောင်သူတွေက သူတို့ရဲ့ ပုံရိပ်တွေ ကြီးလာအောင် ကြိုးစားတတ်ကြတယ်။ လုပ်နိုင်စွမ်းလည်းရှိတယ်။ ဒါပေမယ့် ကျော်ကြားမှု ဂုဏ်သတင်းက သူတို့ရဲ့ ကိုယ်ပိုင် လုပ်ဆောင်မှုပေါ်ဘဲ မူတည်တာမဟုတ်ဘဲနဲ့ သူတို့ရဲ့ အဖွဲ့ပေါ်မှာလည်း မူတည်တယ်ဆိုတာ သတိရဖို့လိုပါတယ်။ ဒါကြောင့် အဖွဲ့သားတွေရဲ့ အရည်အချင်းတွေ၊ လုပ်ဆောင်မှုတွေ၊ လိုအပ်ချက်တွေကို မြင်အောင်လုပ်ပြီး အားပေးသင့်ပါတယ်။ ဦးဆောင်သူတွေသာ သူတို့ရဲ့ အားသာချက်တွေကို သူများတွေရဲ့ခံစားချက်ကို အလေးထားပေးတတ်တဲ့ စိတ်ဓာတ်နဲ့ ပေါင်းလိုက်ရင် သူတို့လိုချင်တဲ့ အောင်မြင်မှုတွေ၊ ကောင်းမွန်လေးနက်တဲ့ ဆက်ဆံရေးတွေရမှာပါ။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
entj
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE