Logo of Wizzdo
Wizzdo Logo
Wizzdo

Campaigner (ENFP)

တက်ကြွလှုံ့ဆော်သူ / စည်းရုံးရေးသမား

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

တက်ကြွလှုံ့ဆော်သူတွေက နွေးထွေးဂရုစိုက်ပေးတတ်တဲ့ Diplomats အမျိုးအစားလေးခုထဲက တစ်မျိုးဖြစ်ပါတယ်။ စိတ်အားထက်သန် ဆန်းသစ်ပြီးတော့ သူတို့ဆီမှာ ပြုံးပျော်ရွှင်စရာ အကြောင်းပြချက်တစ်ခုတော့ အမြဲတမ်းရှိကြပါတယ်။

ENFP တွေက

  • Extraverted လူအများနဲ့ နေရတာကြိုက်တယ်
  • Intuitive ဗီဇစိတ်နဲ့ အလိုလိုသိတတ်တယ်
  • Feeling ခံစားချက်နောက်လိုက်တတ်ပြီးတော့
  • Prospecting အခြေအနေ အလားအလာကို ကြည့်ပြီး လုပ်ဆောင်တတ်ကြတယ်
တက်ကြွလှုံ့ဆော်သူတွေက မျှော်လင့်ချက်ကြီးပြီးတော့ သူများတွေအပေါ် စိတ်ထားကောင်းကြပါတယ်။ ပြီးတော့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေရှိပြီးတော့ လုပ်ဆောင်ချက်ကြီးကြီးမားမားတွေ လုပ်ချင်ကြတာကြောင့် သူတို့ရဲ့ အားမာန်တက်ကြွမှုတွေကို တွေ့နိုင်ပါတယ်။
တက်ကြွလှုံ့ဆော်သူတွေက စစ်မှန်လွတ်လပ်တဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့က ဖော်ရွေတယ်၊ ပွင့်လင်းတယ်ပြီးတော့ သူများတွေရဲ့ အမြင်တွေကို လက်ခံပေးနိုင်ကြပါတယ်။ သူတို့က အမြဲတမ်းရွှင်လန်းတက်ကြွနေတာကြောင့် လူတွေကြားမှာ ထင်ပေါ်နေတတ်ကြပါတယ်။ သူတို့က ပွဲကိုစည်ကားပျော်ရွှင်အောင် လုပ်နိုင်ကြပေမယ့် သူတို့ခေါင်းမှာ ပျော်ဖို့ တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ သူတို့က လေးနက်မှုလည်းရှိပြီးတော့ လူတွေနဲ့ ရင်းနှီးလေးနက်တဲ့ ဆက်ဆံရေးကို တည်ဆောက်ချင်ပါတယ်။

နေ့စဉ်ဘဝရဲ့ အံ့သြစရာကိစ္စ

ခင်စရာကောင်းပြီးတော့ ဖော်ရွေကြတာမို့ တက်ကြွလှုံ့ဆော်သူတွေက သူတို့ရဲ့ လူမှုဘဝနဲ့ ဆက်ဆံရေးတွေတိုးအောင် ကြိုးစားကြပါတယ်။ သူတို့က အပြင်ပိုင်းမှာ ဘာကိုမှ အပူအပင်မထားတတ်ဘဲ အပေါင်းအသင်းတွေနဲ့ ပျော်တတ်ကြတဲ့ အပြင် စိတ်ကူးဉာဏ်၊ ဖန်တီးနိုင်စွမ်းနဲ့ စူးစမ်းချင်စိတ်တွေလည်း ရှိပါတယ်။
တက်ကြွလှုံ့ဆော်သူတွေလည်း တစ်ယောက်တည်း အတွေးနယ်ချဲ့နေတတ်ပါတယ်။ သူတို့မှာ လုပ်စရာတစ်ခုခု ရှိနေတဲ့ အချိန်မှာတောင် ဘဝဆိုတာ ဘာလဲဆိုပြီး လေးလေးနက်နက် တွေးနေတတ်ကြပါတယ်။ သူတို့က လူတိုင်း အရာရာတိုင်းက ဆက်နွယ်နေတယ်ဆိုပြီး ယုံကြည်ထားကြပြီးတော့ အဲ့ဒီဆက်နွယ်နေမှု စက်ကွင်းထဲမှာ နေနေတယ်ဆိုတဲ့ အတွေးနဲ့ ရှင်သန်နေကြပါတယ်။

တက်ကြွလှုံ့ဆော်သူတွေက အမှီအခိုကင်းပြီး ဆန်းသစ်ဖန်တီးနိုင်စွမ်းမြင့်တဲ့ လူတွေဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ဖြစ်စဉ်တွေရဲ့ အဓိပ္ပာယ်တွေ၊ အံ့သြစရာကောင်းတဲ့ အရာတွေကို အမြဲရှာဖွေနေကြပါတယ်။

သူတို့က တစ်ခုခုကို စိတ်ဝင်စားမိသွားပြီဆိုရင် သူတို့ရဲ့ စိတ်အားထက်သန်မှုက ဘေးကလူတွေကိုတောင် ကူးစက်စေပါတယ်။ တက်ကြွလှုံ့ဆော်သူတွေက အမြဲတက်ကြွ စွမ်းအင်ပြည့်နေတာကြောင့် ဘေးကလူတွေကိုပါ အပျော်ကူးတက်ကြွစေပါတယ်။ ဒါကြောင့် သူတို့အပေါင်းအသင်းတွေက သူတို့ကို ဆရာတင် ထားကြပါတယ်။ ဒါပေမယ့် သူတို့မှာ လုပ်ချင်စိတ်တွေ ပျောက်သွားပြီဆိုရင် သူတို့လုပ်ဖို့ကြံရွယ်တဲ့ ကိစ္စတွေ၊ လုပ်လက်စကိစ္စတွေကို အဆုံးသတ်ဖို့ ခက်ကြပါတယ်။ တစ်သမတ်တည်းသတ်မှတ်ပြီးလုပ်ဖို့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တာကြောင့် လှုံဆော်မှုပျောက်တာနဲ့ ဘာမှ ဆက်မလုပ်နိုင်ကြတော့ပါဘူး။

ပျော်ရွှင်မှုရှာဖွေခြင်း

အပျော်အပါးတွေနောက်လိုက်တိုင်း ပေါ့ပေါ့နေတဲ့လူတွေ မဟုတ်ဘူးဆိုတာကို တက်ကြွလှုံ့ဆော်သူတွေကို ကြည့်ပြီးသိနိုင်ပါတယ်။ မျက်တောင် တစ်ခတ်လေးအတွင်းမှာ တစ်ခုခုကို လေးလေးနက်နက် တွေးနေရာကနေ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ လူတွေလို ကခုန်ပျော်နေတတ်ကြပါတယ်။

တက်ကြွလှုံ့ဆော်သူတွေက ခံစားချက်အပြည့်နဲ့ လေးလေးနက်နက်တွေးတတ်သလို ဘာအပူအပင်မှ မရှိတဲ့ အတိုင်းလည်း ပျော်တတ်ကြပါတယ်။

လူတွေပျော်ပါးနေကြတဲ့ အချိန်မှာတောင် တက်ကြွလှုံ့ဆော်သူတွေက တစ်ခြားလူတွေနဲ့ ခံစားချက်ချင်း ဖလှယ်ချင်ကြပါတယ်။ သူတို့အတွက် ရင်ထဲကလာတဲ့ စစ်မှန်တဲ့ စကားတွေ ပြောကြတဲ့ စကားဝိုင်းက ပျော်စရာအကောင်းဆုံးပါဘဲ။ တက်ကြွလှုံ့ဆော်သူတွေက လူတိုင်းက သူတို့စိတ်ထဲရှိတဲ့အတိုင်း ခံစားချက်ကို ထုတ်ပြောသင့်တယ်လို့ထင်ကြပါတယ်။ ပြီးတော့ သူတို့ရဲ့ စာနာပေးနိုင်မှု၊ နွေးထွေးမှုကြောင့် ခံစားချက်တွေကို ထုတ်မပြရဲတဲ့ လူတွေကပါ တက်ကြွလှုံဆော်သူတွေဆီမှာ ခံစားချက်ကို လွတ်လွတ်လပ်လပ် ရင်ဖွင့်တတ်ကြပါတယ်။
တက်ကြွလှုံ့ဆော်သူတွေက အခြားလူတွေရဲ့ အပြုအမူ၊ လုပ်ဆောင်မှုတွေကို အတွေးမလွန်ကြဖို့ ဂရုစိုက်သင့်ပါတယ်။ ENFP တွေက သူများတွေကို ဘာလို့ ဒီလိုလုပ်တာလဲလို့ ရှင်းပြချက်တွေကို မတောင်းဘဲနဲ့ တစ်ယောက်တည်း ကောက်ချက်ချတတ်ပါတယ်။ ဒီလိုမျိုး တစ်ဖက်သတ်ကောက်ချက်ချပြီး တစ်ယောက်တည်း လျှောက်တွေးပြီးတော့ ညဘက်အိပ်မပျော်နိုင်ကြတော့ပါဘူး။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
enfp
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE