Logo of Wizzdo
Wizzdo Logo
Wizzdo

Protagonist (ENFJ)

ပေးဆပ်ဦးဆောင်သူ / အဓိကဇာတ်ဆောင်

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
  • အကျဉ်းချုပ်
  • အားသာချက်နှင့် အားနည်းချက်များ
  • အချစ်ရေး
  • ပေါင်းသင်းဆက်ဆံရေး
  • အလုပ်အကိုင်လမ်းကြောင်း

အကျဉ်းချုပ်

ပေးဆပ်ဦးဆောင်သူတွေက နွေးထွေးဂရုစိုက်ပေးတတ်တဲ့ Diplomats အမျိုးအစား လေးခုထဲက တစ်မျိုးဖြစ်ပါတယ်။ သူတို့က နားထောင်နေတဲ့လူတွေရဲ့ အာရုံတွေကို ဖမ်းစားနိုင်တဲ့ သြဇာညောင်းတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပြီးတော့ ENFJ ဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်‌ထားပါတယ်။

ENFJ တွေက

  • Extraverted လူအများနဲ့ နေရတာကြိုက်တယ်
  • Intuitive ဗီဇစိတ်နဲ့ အလိုလိုသိတတ်တယ်
  • Feeling ခံစားချက်နောက်လိုက်တတ်ပြီးတော့
  • Judging ချင့်ချိန်ပြီး ကြိုတင်စီမံတတ်တယ်
ENFJ တွေက ရင်းနှီးခင်မင်တတ်ပြီးတော့ တဲ့တိုးပြောတတ်ကြတဲ့ သူများတွေကို ကူညီပေးချင်သူတွေဖြစ်ပါတယ်။ သူတို့မှာ ခိုင်မာတဲ့ အတွေး၊ ကိုယ်ပိုင်တန်ဖိုးထားမှုတွေ ရှိကြပါတယ်။ ပန်းတိုင်ကို ‌ရောက်နိုင်ဖို့ သူတို့ရဲ့ အမြင်တွေကို ဆန်းသစ်မှုတွေနဲ့ ပေါင်းစပ်ကြပါတယ်။
ပေးဆပ်ဦးဆောင်သူတွေက သူတို့က လုပ်ဆောင်မှု အကြီးကြီးတစ်ခုလုပ်ဖို့ မွေးဖွားလာတာလို့ ခံစားနေရတတ်ပါတယ်။ သူများတွေကို တွေးပေးတတ်ပြီးတော့ အကောင်းဆုံးလုပ်ချင်တဲ့ စိတ်ထားရှိတော့ သူတို့ အနီးနားက လူတွေကို အကျိုးပြုနိုင်ဖို့ ကြိုးစားကြပါတယ်။ သူတို့က ခက်ခဲရင်တောင်မှ မှန်ကန်တဲ့ ကိစ္စကို လုပ်ဖို့ မကြောက်ကြပါဘူး။
ENFJ တွေက ခေါင်းဆောင်တွေအဖြစ် မွေးဖွားလာကြတဲ့ လူတွေပါ။ ဒါကြောင့် ဒီကိုယ်ရည်ကိုယ်သွေးမျိုးကို ထင်ရှားတဲ့ နိုင်ငံရေးသမား၊ အားကစားနည်းပြနဲ့ ဆရာ တွေအများစုမှာ တွေ့ရတတ်ပါတယ်။ သူတို့ရဲ့ စိတ်ထက်သန်ပြင်းပြမှုနဲ့ သြဇာညောင်းမှုတို့ကြောင့် အလုပ်မှာတင်မကဘဲ ကိစ္စတိုင်းမှာ သူများတွေကို အားတက်လာအောင် လှုံ့ဆော်နိုင်ကြပါတယ်။ သူတို့အတွက် သူငယ်ချင်းတွေ၊ ချစ်ရတဲ့လူတွေ တိုးတက်အောင်မြင်လာအောင် လမ်းညွှန်ပြရတာလောက် ပျော်စရာကောင်းတဲ့ အရာသိပ်မရှိပါဘူး။

မှန်တယ်ထင်ရင် ‌ရှေ့ထွက်ပြောခြင်း

သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးထားမှုတွေကို သူများတွေကို သိအောင် ပြောပြထားတတ်ကြပါတယ်။ သူတို့က စစ်မှန်မှု၊ အနစ်နာခံမှုတွေကိုလည်း တန်ဖိုးထားကြပါတယ်။ သူတို့ မတရားဘူး၊ မမှန်ကန်ဘူးလို့ထင်ရင် တဲ့တိုးထပြောတတ်ပါတယ်။ ဒါပေမယ့် သူတို့က စာနာတတ်ပြီးတော့ ထိုးထွင်းဉာဏ်ရှိတော့ လူအများစုလက်ခံတဲ့ ကိစ္စတွေကိုဘဲ ရှေ့ထွက်ပြောကြတာပါ။ တစ်ယောက်တည်း လူတတ်ကြီးလို ကိုယ်ထင်ရာကို မထီမရီမပြောကြပါဘူး။
ENFJ တွေက လူတွေဘာကို စိတ်ဝင်စားလဲ၊ ဘယ်လို ခံယူချက်တွေကို ဆုပ်ကိုင်ထားလဲ ဆိုတာကို သိနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တွေ ရှိကြပါတယ်။ တစ်ခါတစ်လေ ခဏလေးအတွင်း အခြားလူတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ဘယ်လို အရယူလိုက်နိုင်လဲ သူတို့ကိုယ်တိုင်တောင် နားမလည်နိုင်ကြပါဘူး။ ဒီလိုမျိုး သူများတွေရဲ့ စိတ်ကို ထိုးထွင်းမြင်နိုင်တာကြောင့် ENFJ တွေက သူများတွေကို ဆွဲဆောင် လှုံ့ဆော်နိုင်တဲ့ ဆက်သွယ်ပြောဆိုသူတွေ ဖြစ်ပါတယ်။

လူတစ်ယောက်ကို စိတ်ပြောင်းအောင်လုပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အဲ့ဒါကို တစ်ယောက်ယောက်က လုပ်နိုင်ခဲ့ရင် အဲ့ဒီလူက ပေးဆပ်ဦးဆောင်သူ ENFJ ဘဲ ဖြစ်ပါတယ်။

သူတို့ရဲ့ အဓိက လျှို့ဝှက်ချက်ကတော့ စိတ်ရင်းအမှန်နဲ့ ပြောတာကြောင့်ဖြစ်ပါတယ်။ သူတို့က သူများတွေကို အနိုင်ယူ ချုပ်ကိုင်ချင်တာမျိုးမဟုတ်ဘဲ မှန်ကန်တဲ့ အရာကို လုပ်ချင်တဲ့ စစ်မှန်တဲ့ဆန္ဒ ရှိကြပါတယ်။ တစ်ယောက်ယောက်နဲ့ သဘောတူညီမှုမရတဲ့ အခါမှာတောင် တူညီတဲ့ စိတ်ရင်းအခံ ဘာတွေရှိလဲ ဆိုတာကို ရှာတတ်ကြပါတယ်။ ဒါကြောင့်ဘဲ သူတို့စိတ်ရင်းထဲက ပြောချင်တဲ့ကိစ္စတွေကိုဆို သူများတွေ လက်မခံဘဲ မနေနိုင်အောင်ကို စကားပြောကောင်းကြပါတယ်။

ပါဝင်ပတ်သက်ခြင်း

ENFJ တွေက သူတို့လူတစ်ယောက်ကို တကယ်ဂရုစိုက်ပြီဆိုရင် အဲ့ဒီလူကြုံနေရတဲ့ ပြဿနာကို အစွမ်းကုန်ကူညီပေးချင်ကြပါတယ်။ ပြီးတော့ လူအများစုကလည်း သူတို့ရဲ့ ကူညီမှု အကြံဉာဏ်တွေအတွက် ကျေးဇူးတင်ကြပါတယ်။ ဒါကြောင့်ဘဲ သူတို့က သူများတွေရဲ့ ဘဝကို တိုးတက်အောင် ကူညီပေးတယ်ဆိုတဲ့ နာမည်ကို ရကြပါတယ်။

ENFJ တွေက အပြောနဲ့ အလုပ်ညီတဲ့ အစစ်အမှန် ဂရုစိုက်ပေးတတ်တဲ့ လူတွေဖြစ်ပါတယ်။ တစ်ခြားလူတွေ မှန်ကန်တဲ့ လမ်းကိုလျှောက်နိုင်အောင် အားပေးကူညီကြပါတယ်။

သူများတွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ဝင်ပါတာက အမြဲတမ်းတော့ မကောင်းပါဘူး။ တစ်ခြားလူတွေ တိုးတက်လာအောင် ကိုယ်က ကူညီချင်ပေမယ့် အားလုံးက ပြုပြင်ဖို့ အဆင်သင့် မဖြစ်ကြသေးပါဘူး။ အဲ့ဒါကို ENFJ တွေက အတင်းတွန်းနေရင် သူတို့ချစ်ရတဲ့လူတွေက မတရားဘူး ဆိုပြီး စိတ်ဆိုးသွားတတ်ပါတယ်။ သူတို့က သူများတွေရဲ့ စိတ်ကို မြင်အောင်ကြည့်တတ်တယ်ဆိုပြီး သတ်မှတ်ခံထားရပေမယ့် ပညာအရှိဆုံး ENFJ တွေတောင် တစ်ခါတစ်လေ အခြေအနေကို အကဲခတ်မှားတတ်ပြီးတော့ ပိုဆိုးသွားစေမယ့် အကြံဉာဏ်တွေကို ပေးမိတတ်ကြပါတယ်။

ဦးဆောင်ပေးဆပ်ခြင်း

ပေးဆပ်ဦးဆောင်သူတွေက ကိုယ်ကျိုးမငဲ့ဘဲ စွန့်လွှတ်အနစ်နာခံနိုင်တဲ့ လူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုနဲ့၊ ချစ်ရတဲ့လူတွေအတွက် ဘယ်လိုအတိုက်အခိုက်မျိုးကို မဆို ရင်ဆိုင်ဖို့ အဆင်သင့် ရှိနေကြပါတယ်။ သူများတွေရဲ့ လုပ်‌ဆောင်ချက် ပိုကောင်းလာအောင် ဦးဆောင်လမ်းပြတဲ့ နေရာမှာ ယုံကြည်ချက်ခိုင်မာမှုက သူတို့ရဲ့ ခေါင်းဆောင်မှုစွမ်းရည်ထဲက တစ်ခုဖြစ်ပါတယ်။
သူတို့ရဲ့ ပင်ကိုစွမ်းရည်ကို ပြပါဆိုရင်တော့ ခေါင်းဆောင်မှုစွမ်းရည်လို့ ပြောလို့ရပါတယ်။ နေ့စဉ်ဘဝမှာ သာမန်ကိစ္စလို့ ထင်ရတဲ့အခြေအနေတွေမှာတောင် အားထုတ်မှု၊ စာနာမှု၊ ဂရုစိုက်မှုတွေကို ပြတတ်ပါတယ်။ အားလပ်ရက်ကို ဘယ်လိုကုန်ဆုံးမလဲ၊ စိတ်ညစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လို အားပေးမလဲ စတဲ့ ‌ရွေးချယ်မှု၊ လုပ်ဆောင်မှုသေးသေးလေးတွေမှာတောင် သူတို့ရဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေကို အသုံးချပြီး လုပ်ဆောင်ပါတယ်။

ကြော်ငြာထည့်သွင်းလိုပါက ဒီမှာ နှိပ်ပါ။
enfj
ပင်မMBTI Test
Developed With ❤️ By Minn Khant Naing

SHARE